Part(13)

1.1K 93 0
                                    

Zawgyi

“ခွမ်း!!!! အာ!!!!! မဖြစ်စေရဘူး!!!”
“လင်အာ ဘာဖြစ်နေတာလဲ တစ်ခန်းလုံးလည်း ရှုပ်ပွနေပါလား”

ဝမ်ချောင် အခန်းဝတွင်မတ်တပ်ရပ်နေရာမှ ပြော
လိုက်သည်။ ပြောလည်းပြောချင်စရာ ရောက်လာ
ကတည်းက အခန်းထဲရှိသမျှဖျက်ဆီးနေတာကို။

“အကို အကိုညီမလေးကို ကူညီပါအုန်းအကို”
“ဘာဖြစ်လာလို့လဲ တစ်ခုခုဖြစ်လို့လား ကြည့်ရတာ
လန်သခင်လေးနဲ့ပတ်သတ်နေလား”
“ဟုတ်တယ်အကို ညီမကြားခဲ့တာ ဝမ်က သူ့ရုံးက
ကောင်လေးကို ချစ်နေတာတဲ့အကို မဖြစ်ရဘူး
နော် ညီမလေးဝမ်ကိုပိုင်ဆိုင်ချင်တယ်”
“ဟုတ်လား ဟန်!! ငါ့ညီမလေးလိုချင်တဲ့သူကို ညီမ
လေးပိုင်ဆိုင်ရမှာပါ ပူမနေနဲ့ဒီကအကိုကြီး ရှိနေ
တာပဲ ”
“အကိုကူညီပေးမယ်ဆိုတာ ညီမလေးသိနေတာပဲ”
“နင့်လူကိုပြန်ဆွဲဖို့က ငါပဲလုပ်ပေးနေလို့မရဘူး
လေ နင်လည်းကြိုးစားမှပေါ့”
“စိတ်ချပါအကို တွေ့ကြသေးတာပေါ့ ဝမ်ကငါ့အပိုင် ဘယ်သူအှမပိုင်စေရဘူး ပိုင်ချင်တဲ့သူရှိလာရင်
လည်း ငါကသူတို့ကိုအစဖျောက်ပစ်မှာ”
“ဒီလိုမှပေါ့ ငါ့ညီမလေးရာ ”

လန်ကုမ္ပဏီ

ဒီနေ့တွင်တော့ တမူထူးခြားနေတဲ့ နေ့ရက်ဖြစ်နေ
တော့သည်။ သူဌေးဟောင်း လန်ရှိချန်းပြန်လာပြီ
ဖြစ်သည်။ တစ်ရုံးလုံးပျော်နေကြတာ မဆန်းတော့
ပေ။

“ဝမ်ကျီပင်ပန်းသွားပြီနော် အဆင်ကောပြေရဲ့လား”
“မပင်ပန်းပါဘူးအကို အားလုံးလည်းအဆင်ပြေ
ပါတယ်”
“အကိုရောဟိုမှာ အဆင်ပြေခဲ့လား”
“ပြေပါတယ်ဝမ်ကျီ”
“ဒါဆိုကျနော့်ယောက်ဖလေးကို ဘယ်တော့တွေ့
ရတော့မှာလဲ အကို”
“အာ! ဝမ်ကျီ”

ရှိချန်းစကားပြောနေရာမှ ပါးများရဲတက်လာတာ
ကြောင့် လန်ကျန်တို့ပြုံးမိသွားသည်။ သူ့အကို
တော်က ရှက်တတ်တယ်ပေါ့လေ။

“အကိုလည်း မင်းသတင်းကြားတယ် ဝမ်ကျီ မင်း
ချစ်သူရနေပြီဆို ဟုတ်လား”
“အကို့ကိုဘယ်သူပြောတာလဲ စုန်လန်လား”
“ဟုတ်တော့ဘာဖြစ်လဲကွာ”

ပြောဆိုရင်း လန်ကျန်ပုခုံးကိုဖတ်လိုက်သူ စုန်လန်။
လန်ကျန်သူ့လက်ကြီးကို ဖယ်ချပြီးဆိုတာက....

Struggles Between You and me (BL) (Completed)Where stories live. Discover now