Zawgyi
လန်ကျန်အခန်းအပြင်ရောက်တာနဲ့ သူ့အကိုရှိချန်း
ကိုဖုန်းလှမ်းဆက်လိုက်တယ်။ သူ့အကိုပြောတဲ့နေ
ရာသို့ သူစိုက်စိုက်မြိုက်မြိုက်သွား လိုက်တယ်။သူခြံဝန်းတစ်ခုထဲဝင်လာခဲ့တယ်။ ထိုခြံဝန်းထဲမှာ
တော့ ဂိုထောင်တစ်လုံး။ ထိုဂိုထောင်ထဲမှာတော့ လူအုပ်စုတစ်စုရှိနေတယ်။ လက်ပြန်ကြိုးတုပ်ခံ
ထားရတဲ့ လူခြောက်ယောက်နှင့်အတူ စောင့်ကြည့်
နေတဲ့လုတစ်စု။ဒီလူတွေအားလုံးက သူတို့မင်္ဂလာဆောင်မှာ ပွဲဖျက်
ပြီး ဝေရင်းကိုသတ်ဖို့ကြံစည်တဲ့သူတွေ။ သူ့ကိုထိ
ရင်တောင်ထိုလူတွေသက်သာအုန်းမယ် ဒါပေမဲ့ သူ
တို့ကဝေရင်းကိုထိရဲတယ်။ ဘယ်လိုတောင် အတင့်
ရဲနေတာလဲ။လန်ကျန်ဝင်လာတာနဲ့ စောင့်ကြပ်နေတဲ့သူ့လူတွေ
က သူ့ကိုအရိုအသေပေးကြတယ်။ ဖမ်းခံထားရတဲ့
အထဲက မိန်းမတစ်ယောက်က သူ့ကိုမြင်တာနဲ့ အ
ရူးတစ်ယောက်လို အော်နေတော့တယ်။"ဝမ်ရှင်ရောက်လာပြီပေါ့ ဟက်! ဟိုကောင်သေ
ပြီမဟုတ်လား! "လန်ကျန်ဒေါသတို့အုံကြွလာတော့သည်။ ဒီမိန်းမစ
ကားရွေးချယ်တာမှားသွားပြီ။"သူဘာမှမဖြစ်ပါဘူး အားလုံးအဆင်ပြေနေပါပြီ ဒါနဲ့မင်းကိုကျေးဇူးတင်တယ်သိလား မင်းကြောင့်
ဝေရင်းငါ့ကိုဘယ်လောက်ချစ်လဲ သိလိုက်ရပြီ"လင်းကျောင်မျက်နှာညိုပုပ်သွားခဲ့သည်။ သူမစတင်
ပြီး သွေးရူးသွေးတန်းတွေ အော်တော့သည်။"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ငါကိုယ်တိုင်သူ့ကိုပြစ်
လိုက်တာ မဖြစ်နိုင်ပါဘူး"
"မင်းဘာလို့ဝေရင်းကိုသတ်ချင်နေရတာလဲ ခုကိစ္စမှာ မင်းနဲ့ငါနဲ့ရဲ့ကိစ္စလေ ဝေရင်းမှမပါတာ ဘာလို့သူ့ကို ဒုက္ခပေးရတာလဲ"
"သူကရှင့်ကိုကျမဆီကလုသွားတာလေ ဒါသူ့အ
ပြစ်ပဲ ရှင့်ကိုကျမဆီကခိုးလို့ သူသာမပေါ်လာခဲ့ရင် ရှင်ကကျမအတွက်ဖြစ်နေရမှာ"
"ဟုတ်ပြီလေ! မင်းဝေရင်းကို လုပ်ခဲ့တာတွေအ
တွက်မင်းပြန်ပေးဆပ်စေရမယ်"
"ရှင်ကျမကိုထိရဲလို့လား ကျမအကို ဟုတ်တယ် ကျမအကိုရှိသေးတယ် သုကရှင့်ကိုသေအောင် သတ်မှာ ပြီးတော့ရှင်ချစ်တဲ့သူတွေမှန်သမျှကောပဲ"
"ဟုတ်လား!"
YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...