Zawgyi
ဒီနေ့တွင်တော့ ကုမ္ပဏီတွင်ညစာပါတီရှိနေသဖြင့်
ဝေရင်းကော ကျန့်လီပါအိမ်မပြန်ရပေ။ သူဌေးက
ဝမ်းဖန်တွေအားလုံးကို ရုံးမှာအိပ်ခွင့်ပေးထား
ခြင်းကြောင့်လည်းဖြစ်တော့သည်။ဝေရင်းသူ့အမေဆီအကြောင်းကြားလိုက်ပြီးနောက်တော့ လူငယ်သဘာဝအရ ပျော်ပျော်ရွှင်ရွှင်
နေလိုက်တော့သည်။ ဝေရင်းတို့ပျော်ပါးနေပေမဲ့လို့
မပျော်ပါးနိုင်သူက လန်ကျန်“စုန်လန် အဆင်ပြေလောက်ပါတယ်နော် မင်းသေ
ချာလုပ်ထားလား "
“အဆင်ပြေပါတယ်ကွာ သိပ်ပူမနေနဲ့ ဟုတ်ပြီလား”
“အင်းအင်း”ဝေရင်းတစ်ယောက် သန့်စင်ခန်းသွား လိုတာကြောင့် ခဏထွက်လာလိုက်သည်။ သန့်စင်
ခန်းသွားရာ ချောင်နားတွင် လူတစ်စုရန်ဖြစ်သံ
လိုလိုကြားတာကြောင့် ဝေရင်းထိုအနားကပ်သွာမိ
သည်။“ဒီမှာ မင်းလုပ်သွားတာကို ကြည့်စမ်း! အကုန်ပေ
ကုန်ပြီ ဒါတွေဘယ်လိုလုပ်ပေးမှာလဲ”
“တောင်း တောင်းပန်ပါတယ်ဗျာ ကျနော်လျော်ပေး
ပါမယ့်နော်”
“မင်းလိုအဆင့်က လျော်နိုင်လို့လား ပြောစမ်းပါ
အုန်း! ”
“ကျနော်ကို့မစော်ကားပါနဲ့ ခင်ဗျားပိုက်ဆံလျော်
နိုင်ရပြီမလား ကျန်တာခင်ဗျားထညိ့ပြောစရာ မလို
ဘူး”
“ဘာ! မင်းကစကားပြောရင့်လှပါလား ငါ့လက်သီး
စာမြည်းချင်နေတာလား ဟန်!”
“ခင်များလွန်မလာနဲ့နော်”ဝေရင်းဒီတိုင်းထားရင် ပိုဆိုးမှာဆိုးလို့ ဝင်ပါရန်ဆုံး
ဖြတ်လိုက်တော့သည်။ ဝေရင်းဆိုသူက မပါရင်ပွဲ
မစည်သူလေ။ အခုလည်းသူဝင်ပါလိုက်အုန်းမယ်“ဒီမှာဗျ ဟိုဘက်လျော်မယ်ပြောနေပြီပဲဗျာ ခင်းများ
ကလည်း ကျေနပ်ပေးလိုက်ပေါ့"
“မင်းကဘာကောင်လဲ မင်းအလုပ်မဟုတ်ဘဲ ဝင်မရှုပ်တာ ကောင်းမယ်”
“ကျနော်ကပြေလည်အောင် ဝင်ပြောပေးတာပါဗျ”
“ဒီကမိတ်ဆွေ ဒီလိုလူမျိုးတွေက လူစကားသိပ်
နားမလည်ကြဘူးဗျ မိတ်ဆွေပဲစိတ်ပျက်ရလိမ့်
မယ် ကျနော့်ဘာသာဖြေရှင်းလိုက်ပါ့မယ် ကျေး
ဇူးပါ”
“ဘာ!! မင်းလိုကောင်က....”ဝေရင်းစကားဆိုလိုမှမပြီးသေး ထိုကောင်လေးအား
ကျန်သူများဝိုင်းထိုးတော့သည်။ ဝေရငါးလည်းမနေ
သာတော့ပဲ ထိုကောင်လေးဘက်မှ ဝင်ကူညီပေး
လိုက်တော့သည်။
YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...