Part(31) Final Part(1)

1.6K 81 2
                                    

Zawgyi

ဝေရင်းနေပြန်ကောင်းလာတာနဲ့ လန်ကျန်တို့ဆေး
ရုံကဆင်းလာကြပြီဖြစ်သည်။ ဒီရက်တွေထဲမှာ
မိသားစုတွေအားလုံးက ဝေရင်းကိုဖူးဖူးမှုတ်နေ
အောင်ဂရုစိုက်ကြလေရဲ့။

အဲ့လိုဂရုစိုက်ပေးလို့ပျော်ရမလားအောင်းမေ့တယ် လန်ကျန်သူသဝန်တိုတာနဲ့ ရန်ဖြစ်နေတာတွေသာ
ပိုလာတယ်။ နဂိုတည်းက ကဲကဲသဲသဲလန်ကျန်နဲ့
ကျနော်တို့ကိုကြည့်မရတဲ့ ကျန်းချန်းတို့အမြဲသတ်
နေကြတာပင်။

ပြီးတော့ဝမ်မိသားစုဘက်က ဝမ်ချင်ကိုယ်တိုင်ကျ
နော်တို့ကိုသေသေချာချာတောင်းပန်ခဲ့ပါတယ်။ ဝမ်
မိသားစုစီးပွားရေးတွေကတော့ ဝမ်ချောင်မသေခင် ချန်ထားခဲ့တဲ့ စတစ်တစ်ခုကြောင့်အကုန်ဆုံးရှူံးသွား
ပြီဖြစ်ပါတယ်။

ဝမ်ချောင်ကသူမသေခင်အသေအချာစီစဉ်ခဲ့ပုံပင်။ ဝမ်သခင်ကြီးလည်းထောင်ကျသွားခဲ့သည်။ ဝမ်ချင်
ကိုတော့ကွာရှင်းစာချုပ်နှင့်အတူ လျော်ကြေးငွေအ
မြောက်အမြားပေးအပ်ခဲ့လေတယ်။

ဝမ်လင်းကျောင်အကြောင်းကတော့ လမ်းတစ်နေ
ရာမှာ တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့တွေ့ရတယ်ဆို
တာပဲ။ သူမတစ်ကိုယ်လုံးစုတ်ပြတ်သတ်နေလိုက်
တာ သူတောင်းစားနဲ့တောင်မှားတယ်ဆိုပဲ။

မျက်နှာမှာလည်းဖြတ်ရှဒဏ်ရာဗလပွနဲ့တဲ့လေ။ ပြီး
တော့ပိုဆိုးတာကတော့ သူမလျှာကိုလည်းဖြတ်
ထားတယ်ဆိုတာပဲ။ ဒီလိုလုပ်ရပ်မျိုးဘယ်လိုလူက
များလုပ်ရက်ရတာလဲ။ မိန်းမသားတစ်ယောက်အ
တွက်တော့ ဒီလိုမျိုးကအတော်စိတ်ထိခိုက်စရာပင်။

ရှာတွေ့တဲ့သူတွေကို တစ်ခုခုပြောချင်နေပေမဲ့လည်
လျှာမရှိတာကြောင့် သူ့ဆီကဘာသက်သေမှမရခဲ့
ဘူးတဲ့လေ။ ပြီးတော့ကျနော့်ကိုသတ်ဖို့ကြိုးစားမှု
နဲ့ သူထောင်ကျခဲ့တယ်။ နောက်တော့တခြားသူ
တွေနှိပ်စက်မှုနဲ့ စိတ်ကျန်းမာရေးဆေးရုံရောက်
သွားတယ်ကြားတာပါပဲ။ ကောက်းသတင်းတွေ
တော့မဟုတ်ဘူးပေါ့ဗျာ။

နောက်ထပ်ကြားတာကတော့ မြစ်ထဲမှာလူသေ
လောင်းတွေပေါ်လာတာပဲ။ ထိုသူတွေလည်းရက်
ရက်စက်စက်အသတ်ခံထားရပုံတွေဆိုပဲ။ လန်ကျန်
ကထိုသတင်းကို ကျနော့်ကိုမကြည့်ခိုင်းပေ။ ဘာလို့
လဲတော့ သူအသိဆုံးနေမှာပေါ့။ ကျန်ချန်းတို့လည်း
အဲ့ကိစ္စတွေနဲ့တော်တော်အလုပ်ရှုပ်သွားသေးတယ်။

Struggles Between You and me (BL) (Completed)Where stories live. Discover now