Zawgyi
ရန်လီခွဲခန်းထဲဝင်သွားသည်အထိ ဝေရင်းနဲ့ကျန်း
ချန်းတို့ပြာယာခပ်နေကြသည်။ ရှေ့လျှောက်လိုက်
နောက်လျှောက်လိုက်နဲ့ နှစ်ယောက်သား အတိုင်
အဖောက်တော့အတော်ညီနေတာပဲလေ။နာရီအနည်းငယ်ကြာတော့ ဆရာဝန်တစ်ယောက်
ကသူ့လက်ထဲကလေးတစ်ယောက်ပိုက်လို့ အပြင်
ထွက်လာခဲ့တယ်။ ဝေရင်းတို့လည်းဆရာဝန်
အနားသွားလိုက်တော့ ဆရာဝန်ကဆိုလာသည်...“ဂုဏ်ယူပါတယ်ဗျာ ယောက်ကျားလေးမွေးတယ် ကလေးရော အမေရောနှစ်ယောက်လုံး ကျန်းမာ
ရေးကောင်းပါတယ်”
“ဒါ...ဒါဆို ဒီကလေးက ကျနော်တို့တူလေးပေါ့...”
“ဟုတ်တာကော့ဗျာ”
“ကျန်းချန်း.....”
“ဝေရင်း....”ကျန်းချန်းကော ဝေရင်းပါနှစ်ယောက်သား ဝိုင်း
ဖက်လို့ ထခုန်နေကြသည်။ ဆရာဝန်လေးကလည်း
သူတို့ကိုပြုံးကြည့်နေခဲ့သည်။ ခဏကြာတော့ ဝေ
ရင်းတို့လက်ထဲသို့ ကလေးကိုခဏအပ်ပြီး ခွဲခန်း
ထဲသူပြန်ဝင်သွားလိုက်သည်။ဝေရင်းသူ့လက်ထဲမှ ကလေးလေးကိုကြည့်ပြီး ပျော်မဆုံးဖြစ်နေသည်။ သူဦးလေးတစ်ယောက်
ဖြစ်လာပြီလေ တူလေးကိုကောင်းမွန်စွာ ကြီးပြင်း
လာအောင် သူထိန်းကျောင်းပေးရတော့မှာပေါ့။ကျန်းချန်းသည်လည်း သူနည်းတိုင်းတွေးနေဟန်
ရှိသည်။ နှစ်ယောက်သား သူတို့လက်ထဲမှ ကလေး
ငယ်လေးကိုကြည့်ပြီး အနာဂတ်အတွက် စိတ်ကူး
တွေယဉ်နေကြတော့သည်။ခဏကြာတော့သတိမေ့နေတဲ့ ရန်လီထွက်လာပြီး
သူမအခန်းထဲသို့ပို့ဆောင်ပေးလိုက်သည်။ ကလေး
ကိုတော့ သူမဘေးနားပုခတ်ထဲတွင် ထည့်သိပ်ထား
လိုက်သည်။ရန်လီသတိရလာတာနဲ့ ကလေးကိုမိခင်ရင်ခွင်ထဲ
ထည့်ပေးပြီး မောင်နှမသုံးယောက်သား အတူပြုံး
ပျော်နေကြသည်။ ဝေရင်းတို့လည်း လူကြီးတွေကော ကျန်တဲ့သူတွေပါ အသိပေးဖို့
လုပ်လိုက်ကြသည်။အရေးကြီးဆုံးကကလေးအဖေဇီရွှမ်းဒီလူဖုန်းဆက်ထားတာ အတော်ကြာနေပြီဘယ်ရောက်နေမှန်းမ
သိဘူး။ ဝေရင်းဖုန်းပြန်ဆက်ဖို့ပြင်မဲ့အချိန် အခန်း
ထဲ အလျှင်အမြန်ပြေးဝင်လာတဲ့ သူတစ်ယောက်။
YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...