Zawgyi
မှောင်နေတဲ့အခန်းကျည်းထဲပစ်ထည့်လိုက်တဲ့သူ
ကြောင့် အားများလားမများလားတော့ မသိပေမဲ့
သူကြောင့်ဝမ်နင်နံရံနှင့်ကျောနှင့် ရိုက်မိခဲ့တာ
ကြောင့် ကျောအတော်ပင် အောင့်တက်သွားသည်။နဂိုတည်းက သူကရောဂါအခံလည်းရှိ တာကြောင့်
ထိုနာကျင်မှုက သူပြန်ပင်မထနိုင်တော့။ ကြမ်းပြင်
မှာ လှဲလျှက်လေးရှိနေတဲ့ ဝမ်နင်။သူတို့သိသွားပြီလား မြန်လိုက်တာ။ သူကိုအပြစ်
ပေးကြတော့မှာလား။ မမ ကျနော်အရမ်းကြောက်
တယ်။ ကျောကလည်းနာနေတယ် မမရယ်။ မမ
ကျနော်ကို ကယ်ပါအုန်း။ အားနင်ကြောက်လို့ပါ။ဝမ်နင်ကို ဒီတိုင်းပစ်ထားပြီအနည်းငယ် ကြာတော့
လူတစ်ယောက်ဝင်လာခဲ့တယ်။ အနောက်တိုင်း
ဝတ်စုံနဲ့သားနားနေတဲ့သူက သူ့ယောင်ဖ ဝမ်ချောင်
ပင်။ကြမ်းပြင်ထက်မှာ အပုံသာခွေနေတဲ့ သူ့ကိုမြင်
တော့ ခြေလှမ်းကျဲတွေနဲ့ အနားရောက်လာတဲ့သူ။
စိုးရိမ်သလိုမျက်နှာနဲ့ သူကဝမ်နင်ကိုယ်လေးကို
ပွေ့လိုက်တဲ့သူ။ဝမ်နင်သူ့ရင်ခွင်ထဲ ပါလာပင်မဲ့ နာကျင်မှုကြောင့်
လားမသိပေမဲ့ ခဏတာအိပ်ပျော်သွားမိတယ်။
ဝမ်ကျူလျှိုပြောပြချက်အရ ဝမ်နင်ကအပြင်ခိုး
ထွက်ပြီး လန်ကျန်တို့နဲ့သွားတွေ့တယ် ကြားမိ
တာကြောင့် သူဝမ်နင်ကိုဖမ်းထားဖို့ အမိန့်ပေး
လိုက်မိတယိ။ဒီကလေးဝင်မပါသင့်ဘူး။ ဒီကိစက္စ သူ့အချစ်ရဆုံး
ညီမလေးနဲ့လည်း သက်ဆိုင်နေတဲ့အရာ။ အကို
တစ်ယောက်အနေနဲ့ ညီမလေးခံစားနေရတာကို
သူမကြည့်ရက်ပါ။ လန်ကျန်ထက် ပိုကောင်းတဲ့
သူမကိုပိုချစ်နိုင်မဲ့ သူတွေရှိပြီးသားပါ။ ဒါပေမဲ့ ညီမ
လေးကသူမသူတဲ့လေ။ညီမလေး ယောက်ကျားတစ်ယောက်ကြောင့်နဲ့ အရိုက်ခံလိုက်ရချိန်တုန်းကလည်း သူလန်ကျန်
ကိုသတ်ဖို့အထိ စီစဉ်ခဲ့ဖူးတယ်။ အတင်းအကျပ်
တားမြစ်ငိုယိုနေတဲ့ ညီမလေးကြောင့်နဲ့ သူစိတ်
ပြန်လျော့ခဲ့ရတယ်။ အခုတခါကတော့ ညီမလေး
က ပွဲဖျက်ချင်တယ် ပြောတာကြောင့် အခွင့်အရေး
လေး တစ်ခုပဲပေးပါဆိုတာကြောင့် ညီမလေးကို
ချစ်တဲ့စိတ်နဲ့ သူလက်ရောပေးမလို့ပါ။

YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...