Zawgyi
1လကြာပြီးနောက်
ဘာလိုလိုနဲ့တလတောင်ကုန်သွားပြန်ပြီ။ ဝေရင်းဒီ
နေ့အရမ်းပျော်နေတယ် ဒီနေ့ကမမရန့်လီမင်္ဂလာ
ဆောင်နေ့ဖြစ်တယ်။ ဝေရင်းကသတို့သားအရံ
လေးမို့ ကျန်းချန်းနဲ့ဆင်တူ အဖြူရောင်ဝတ်စုံလေး
နဲ့ပါ။သတို့သမီးပြသ်ဆင်နေတဲ့အခန်းရှိရာသို့ သူတို့နှစ်
ဦးသားအတင်းဝင်လာတော့ မမအမေကဆူတော့
သည်။“ဒီကောင်လေးနှစ်ယောက် ဘာလို့အတင်းဝင်လာ
တာလည်း အပြင်မှာဧည့်သွားခံနေကြ”
“အမေကလည်း မမကိုလာတွေ့တာ မနက်ကတည်း ကမတွေ့ရသေးဘူးလေ”
“အားချန်း အားရှန့်”မမခေါ်သံကြားတာကြောင့် နှစ်ယောက်သား မမအ
မေကိုပင်ဝင်တိုက်သွားသေးသည်။ တဖက်လူက
တော့ မနိုင်ဆ်ုသည့်သဘောဖြင့်အပြင်ထွက် သွား
တော့သည်။ပိတ်ကွယ်ထားတဲ့ ခန်းဆီးကိုဖယ်လိုက်တော့ ပေါ်
လာတဲ့အဖြူရောင်သတို့သမီးလေး။ ကျန်းချန်း
ကော ဝေရင်းကောအံ့ဩတကြီးကြည့်နေမိသည်။
ရန့်လီအသံပေးမှ နှစ်ယောက်သားသတိရသည့်
အဖြစ်ပေ။“အားချန်း အားရှန့်”
“မမအရမ်းလှတာပဲ ”
“ငါ့အမဒီလောက်လှတာ မင်းအခုမှသိတာလား ဝေရင်း”
“ကျန်းချန်းနင့်အပူပါလား ငါသိပြီးသားပါ မမကအရမ်းလှတာ”
“ကောက်လေးတွေမြှောက်ပြန်ပြီ ဘာလို့ဝင်လာကြ
တာတုန်း မကြာခင်အစီအစဉ်စတော့မှာကို”
“မမကိုမတွေ့ရသေးလို့ လာတွေ့တာ”
“ဟုတ်တယ်”နှစ်ကောင်သား အတိုင်အဖောက်ညီနေကြတာ
ကြောင့် ရန်လီပြုံးရသည်။ ထိုနှစ်ယောက်ရန်သတ်
မနေတာခပ်ရှားရှားမဟုတ်လား။“ကဲခုမမကိုတွေ့ပြီးပြီးပဲ သွားကြတော့ အပြောခံ
နေရမယ်”
“ဟုတ်ပါ့ အားချန်းအားရှန့် နှစ်ယောက်လုံးသွား
ကြတော့ မကြာခင်စတော့မှာ”
“ဟုတ်ကဲ့”ဖခင်ဖြစ်သူကျန်းဖုနုးမြင့် ဝင်ပြောတော့မှ နှစ်ယောက်သားထွက်သွားကြတော့သည်။
“သမီးလေးက သမီးအမေအတိုင်းပဲ အရမ်းလှနေ
တာပဲ”
“အဖေကလည်း”
“ကဲကဲရှက်မနေနဲ့တော့ သွားကြစို့”
YOU ARE READING
Struggles Between You and me (BL) (Completed)
FanficHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...