Part-1

14.9K 440 28
                                    

<Unicode>

သူတယောက်ကလွဲရင် ဘယ်သူ့ကိုမှမလိုအပ်ဘူး..

(Chanyeol'pov)

"ပျင်းတယ် daddy အလုပ်ပဲလုပ်နေတော့မှာလား"

Laptop ကိုသာအာရုံစိုက်နေသည့်daddyကိုဆိုဖာပေါ်မှာစောင့်နေတာကြာလှပြီ
အခုထိမထသေး

တချိန်လုံးအလုပ်ပဲလုပ်နေတယ် အလုပ်မလုပ်ရတဲ့အချိန်ကျတော့လဲ ကျတော်နဲ့သိပ်ရင်းရင်းနှီးနှီးနေတာမဟုတ်ဘူး အမြဲတမ်းခပ်ခွာခွာပဲ

ကျတော်ကသာအတင်းလိုက်ကပ်နေတာ

"Daddy!!!...တော်တော့လို့"

စိတ်မရှည်တော့တာကြောင့် laptopကိုပိတ်ပစ်ကာdaddyကိုအော်လိုက်သည်

ကျတော်အော်လိုက်လို့daddyစိတ်တိုမယ်ထင်ရင်မှားသွားမယ်နော်
Daddyကကျတော့်ကိုဘယ်တုန်းကမှစိတ်မတိုဖူးဘူး

"Park Chan Yeol.."

"Wu Chanyeolပါ"

မွေးစားထားပြီးတာတောင် ရှေ့ကparkကြီးကိုပဲခေါ်နေတာကြောင့်ဒေါသထွက်ရသည်

Daddyကတမင်များစိတ်တိုအောင်လုပ်နေသလားမသိ

ကျတော့်ကိုမွေးစားပြီးပြီလေ ကိုယ့်မျိုးရိုးနာမည်အရင်းကိုမေ့ထားတဲ့ဟာကို အဲ့daddyက...

"ဘာလို့အရမ်းဆိုးတာလဲ daddyအလုပ်လုပ်နေတယ်လေ"

"Daddyကလဲဗျာ...yeolနဲ့ခဏကစားပေးလေ ပြီးမှအလုပ်ပြန်လုပ် နော်"

Puppyeye လေးလုပ်ကာချွဲလိုက်တော့daddyကခပ်ပြုံးပြုံးနှင့်ခေါင်းညှိမ့်သည်

တွေ့လား
daddyဆိုတာက wu chanyeol တို့ skillတွေထုတ်သုံးလိုက်ရင်မခံနိုင်ပါဘူးလို့

ဘယ်လောက်ပဲရေခဲတုံးကြီးဖြစ်ပါစေ မီးနဲ့တွေ့ရင်အရည်ပျော်ရတာပဲ
ဟဲဟဲ

"Umm? Yeol"

Gameထိုင်ဆော့နေတဲ့ကျတော့်ရှေ့မှာdaddyက အူတူတူလာကြည့်တယ်

Daddyကလေ အရမ်းချစ်စရာကောင်းလွန်းတယ် ဘာလို့မှန်းမသိ ဒီလောက်လူကြီးဆန်တဲ့daddyကိုမှအသည်းတွေယားနေတာ

"Daddyနဲ့ကစားမှာဆို"

"အွန်းလေ ဒါမဲ့ daddyကမှ မကစားတတ်တာ အဲ့တော့ yeolဆော့တာထိုင်ကြည့်"

He is my daddy(Z AND U)CompletedWhere stories live. Discover now