Part-22

2.5K 169 62
                                    

<Unicode>

"Yahhhhh မင်းတို့ဘာလုပ်နေကြတာလဲ!!"

"ငါမပါပဲစားနေကြတယ်ပေါ့လေ...
ဟိုဘက်တိုးး ငါလဲစားမယ်"

အလယ်မှာခေါက်ဆွဲပြုတ်အိုးကြီးနဲ့ ပွဲတော်တည်နေတဲ့နှစ်ကောင်သား မျက်နှာတွေကနီနေကြသည်

ကျတော်စစဝင်လာတုန်းကjongin..kyungsooမျက်နှာအနားကပ်ပြီးဘာသွားလုပ်တယ်မသိ

တိုးတိုးပြောတိုင်းဆော့နေကြတာဖြစ်မယ်

ထားပါလေ ဒါတွေကအရေးမကြီးပါဘူး ကိုယ်မြင်တာခေါက်ဆွဲပြုတ်ပဲ

"Kyungsoo..
မင်းကငါ့ကိုခေါ်ပြီးတော့...အရင်စားနေတယ်...မင်းရောပဲ jongin"

စားပွဲပေါ်မှာရှိနေတဲ့ အပိုတူတစုံကိုယူကာ ခေါက်ဆွဲပြုတ်ကိုအပိုင်စီးလိုက်တဲ့အထိ ဟိုနှစ်ကောင်တိတ်ဆိတ်နေကြစဲ

အ သွားတာလား

"မစားဘူးလား..ငါပဲအကုန်စားလိုက်ရမှာလား"

သူတို့နှစ်ယောက်ပြူးတူးတူးကြောင်တောင်တောင်လုပ်နေတဲ့အချိန် ခေါက်ဆွဲတဝက်လောက်ကိုယ့်ပါးစပ်ထဲရောက်နေပြီ

မတတ်နိုင်ဘူး နောက်ကျရင်တော့ငတ်ပေါ့

"ဟာ စားမှာပေါ့"

"ဟျောင့် ငါ့လဲပေးဦး"

အဲ့ကျမှပဲ လူစိတ်ပြန်ဝင်ကာ လုစားကြတော့သည်

ဘာဖြစ်နေကြမှန်းကိုမသိဘူး
ခေါက်ဆွဲစားနေတာမြင်လို့အော်လိုက်တာကိုလဲ လန့်ဖြန့်သွားကြတာ လူကြားထဲဘောင်းဘီကျွတ်ကျသလိုပဲ

"Jonginလာမယ်မှန်းငါမသိဘူး"

"မင်းကငါ့ကိုမေ​့ထားတာကိုး... kyungsooကိုပဲသတိရတာမလား"

"မဟုတ်ပါဘူးကွာ...ဘယ်သူ့မှသတိမရပါဘူး"

ရုပ်တည်နဲ့နောက်လိုက်တော့ jonginကျတော့်ခေါင်းကိုလာခေါက်တာ ဂွ​ပ်ခနဲ

"စတာကို jongin ကလဲ"

"သိပါတယ် စားစား...ငါsojuသွားယူလိုက်ဦးမယ်"

Jonginကသူ့အိမ်မှာဧည့်ခံနေတဲ့အတိုင်း kyungsoo'ရေခဲသေတ္တာထဲကsojuတပုလင်းနဲ့ ဖန်ခွက်အသေးလေးတွေထုတ်ယူလာသည်

He is my daddy(Z AND U)CompletedWhere stories live. Discover now