Part-32

2.4K 166 44
                                    

<Unicode>

"ရေပတ်ဝတ်တင်ပေးမယ် ငြိမ်ငြိမ်အိပ်တော့နော်"

တဘတ်မထူမပါးလေးကိုရေညှစ် daddyနဖူးပေါ်တင်ပေး ခဏနေတော့ ရေပြန်စိမ် ပြန်ညှစ်နဲ့ တညလုံးမအိပ်ဖြစ်ခဲ့ပါဘူး
Daddy'မှာကျတော်ပဲရှိတာလေ ကျတော်ကဂရုစိုက်ရမှာပေါ​့

"အင်းးး အပူကျသွားပြီ"

နဖူးကိုစမ်းကြည့်တော့ တော်တော်လေးကိုအေးသွားတာမို့ စိတ်သက်သာရာရသွားသည်
ဒါပေမဲ့လဲ ဒီလိုပုံစံနဲ့တော့daddyကိုအလုပ်သွားခွင့်ပေးမှာမဟုတ်
ကိုယ်ကိုယ်တိုင်လဲဒီနေ့ကျောင်းမသွားနိုင်ပါ

"ဟယ် chanyeolလေး မျက်ကွင်းတွေညိုလို့ပါလား ညကမအိပ်ဘူးလား"

Arjimahရောက်လာတော့ ကိုယ့်ပုံစံကိုကြည့်ပြီးစိုးရိမ်တကြီးမေးသည်

"အင်း arjimahရယ် daddyဖျားနေလို့လေ မအိပ်ဖြစ်ပါဘူး"

"ကလေးလေးသနားပါတယ် နားလိုက်ဦး arjimahရောက်ပြီပဲ"

"ဟုတ်"

ကောင်းကောင်းအိပ်နေတဲ့daddyနိုးသွားမှာဆိုးတာကြောင့်daddyကုတင်ပေါ်တက်မအိပ်ပဲ ဧည့်ခန်းထဲကsofaမှာလှဲနေလိုက်သည်

Daddyနိုးလာရင်လဲအလွယ်တကူသိရအောင်ပေါ​့

"ဝုတ်"

Tobyလေးက လှုပ်တုပ်လှုပ်တုပ်နဲ့ရောက်လာပြန်တာမို့ ဖက်ထားလိုက်ကာ အမွှေးလေးတွေကိုပွတ်သပ်ပေးလိုက်သည်
သူလဲကလေးဆိုတော့ ကစားချင်နေမှာ

ကိုယ်ကလဲdaddyကလွဲပြီးဘာမှဂရုမစိုက်အားဘူးလေ

"Papaကtobyလေးကိုပစ်ထားတာမဟုတ်ဘူးနော် စိတ်မကောင်းမဖြစ်နဲ့"

ကိုယ့်စကားကိုနားလည်သည့်အလား ခေါင်းလေးတိုးဝင်ပြီးလာချွဲနေတဲ့toby

Daddyသာမြင်ရင်တော့ ချက်ချင်းကိုနေပြန်ကောင်းသွားပြီး အော်တော့မှာအသေအချာ
ကမ္ဘာ့အူအတိုတတ်ဆုံးလူသားဆိုပြီး ပြတိုက်ထဲသွင်းထားရင်ကောင်းမလား

"Yeolရေ!"

ဟော နိုးပါပြီ နိုးလာတာနဲ့ကိုအိပ်ချင်မူးတူးအသံကြီးနဲ့ ကျတော့်ကိုခေါ်တော့တာ
နေမကောင်းတာနဲ့ ကလေး လုပ်နေတယ်

He is my daddy(Z AND U)CompletedWhere stories live. Discover now