Part-16

3K 188 44
                                    

<Unicode>

"အဲ့ဒါဆိုလဲ ပြော ချစ်တဲ့သူသက်သက်ဆိုတာဘယ်သူလဲ
သားအရွယ်ကလဲ မငယ်တော့ဘူး..သူနဲ့လက်ထပ်ပေးမယ်"

အဘွားစကားကြောင့် ကျတော့်မှာ ထရမလို ထိုင်ရမလိုတွေကိုဖြစ်လို့

ထွက်ပဲပြေးရမလား မျက်နှာပဲအုပ်ထားရမလား စကားလမ်းကြောင်းလွှဲရမလားစဥ်းစားနေစဥ်မှာပဲ
Daddyကကျတော့်ကိုမေးငေါ့ပြကာဖြေသည်

"အဲ့မှာ...maတို့အလယ်ကသူပဲ"

"!ဟယ်"

"ဟာ!"

အဘိုးရောအဘွားရော အာမေဋိတ်သံတွေထွက်လာပြီး ကျတော့်ကိုတအံ့တသြဝိုင်းကြည့်ကြတာ မျက်လုံးပေါက်ထွက်မတတ်

ကျတော်ကတော့daddyကိုသာထုရိုက်ပစ်ချင်နေသည်

အဲ့လောက်ကြီး ပွင့်လင်းရသလား အဖေနဲ့အမေကိုအချိန်ပေးပြီးသေသေချာချာပြောပြမှပေါ့

"တကယ်လား yeollieလေး"

"..na naee.."

အဘိုးအမေးကို မသက်မသာဖြေလိုက်သည်

ကျတော်က ရင်တုန်နေသလောက် daddyကတော့ ရှေ့မှ ဖျော်ရည်ကိုတကျိုက်မော့နေသေးသည်

ပြီးနောက်ခေါင်းကိုငုံ့ကာမျက်စိမှိတ်ထားလိုက်သည်
ပြောလာမည့်စကားတွေကိုမကြားရဲလှသဖြင့် ထွက်ပြေးချင်နေမိတာတော့တကယ်

"မဖြစ်သင့်တာပဲ"

"ဟုတ်တယ် လုံးဝမဖြစ်သင့်ဘူး"

အဘိုးနဲ့အဘွားက အတိုင်အဖောက်ညီစွာကန့်ကွက်နေသဖြင့် လူကငိုချင်လာသည်

Daddyကတော့ဘာမှမထူးခြား ခုနကအတိုင်း မျက်နှာတချက်မပျက်

အင်းလေ...ဒီလိုမျိုး ဘယ်သဘောတူပါ့မလဲ သူဌေးသားက...သူ့မွေးစားသားနဲ့ကြိုက်နေတာကို

ငိုချတော့မလို့စဲစဲမှာပဲဆက်ပြောသည့်စကားကြောင့် ကြောင်သွားသည်

"Yeollieလို ချစ်စရာကောင်းတဲ့ကလေးက..
သောက်ကျင့်တစက်မှမကောင်းတဲ့ငါ့သားနဲ့..."

အဘိုးနောက်နေတာပဲ

ကျတော်မျှော်လင့်ထားသလို သောင်းကျန်းတာတွေ ဆူပူတာတွေ မဟုတ်ပါလား

He is my daddy(Z AND U)CompletedWhere stories live. Discover now