Part-20

2.9K 184 23
                                    

<Unicode>

"ကျောင်းမှာတခုခုဖြစ်ခဲ့လို့လားyeol"

"..yeolလေ.."

ခေါင်းထဲမှာ အဖြေနှစ်ခုနဲ့ချာချာလည်နေရသည်

ပြောလိုက်ရင်ကောင်းမလား
ဒီလိုခံစားချက်ကြီးနဲ့နေရတာအရမ်းပင်ပန်းတယ်

အပြစ်လုပ်ထားပြီး...လိမ်နေရတာ စိတ်ကျဥ်းကျပ်တယ်

"သူငယ်ချင်းတွေနဲ့သောက်လာခဲ့တယ်"

ခေါင်းငုံ့ကာမရဲတရဲပြောလိုက်ပြီး daddyကိုကြည့်တော့ မျက်နှာသိပ်​မကောင်းတာကိုတွေ့ရသည်

ကျတော်မှားတာပါ
Daddyဝမ်းနည်းအောင်လုပ်မိပြန်ပြီ

အစထဲက daddyမကြိုက်တာကိုမလုပ်သင့်တာ
စိတ်ကမထိန်းနိုင်တာခက်တယ်

"Yeolကကလေးလေးမှမဟုတ်တော့တာ...

သူငယ်ချင်းတွေနဲ့ပျော်ချင်မှာပေါ့..."

တည်တည်ငြိမ်ငြိမ်နဲ့ပြောတဲ့ပုံက ကျတော်ယုံပင်မယုံနိုင်

တကယ်ဆို ဒီလိုခိုးသောက်တာမျိုးကို ကောင်းကောင်းလေးဆူပူသင့်တာမလား

အရင်ကဆို daddyအရမ်းဒေါသထွက်တာလေ

"ရပါတယ်..
daddyခွင့်ပြုလိုက်ပြီ yeolလေး"

ကျတော့်ပါးတဖက်ကိုနမ်းကာ ဆိုတော့  တချိန်ထဲမှာခံစားချက်နှစ်ခုခံစားလိုက်ရသည်

ကိုယ်က အရွယ်ရောက်နေပေမဲ့ daddyအတွက်တော့ မျက်စိအောက်ကအပျောက်မခံနိုင်တဲ့ ကလေးသာသာပဲ ရှိနေသေးတာ

ကျတော့်ကိုလူကြီးတယောက်အဖြစ်မြင်ပေးဖို့ daddyအရမ်းခက်ခဲမှာပဲ

♥He Is My Daddy♥

Daddyကကျတော့်အတွက်သီးသန့်ထုတ်လုပ်ထားတဲ့ချိုချဥ်လေး
ကျတော်ပဲစားခွင့်ရှိတယ်

"Arjimah မနက်ဖြန်ကျရင် kimbapလုပ်ပေးပါ.."

ညစာစားရင်းနဲ့arjimahကိုလှမ်းပြောတဲ့daddy

Kimbap? ဘာလုပ်မလို့လဲ
မနက်ဖြန်အလုပ်ပိတ်ရက်ကို..

သွားစရာတွေဘာတွေများရှိလားမသိဘူး..
သူငယ်ချင်းတွေနဲ့ချိန်းထားတာထင်တယ်

He is my daddy(Z AND U)CompletedWhere stories live. Discover now