Part-8

3.1K 179 19
                                    

<Unicode>

"Yeolရေ နေ့လည်စာစားမယ်လေ..
junmyeonကိုလဲခဏနားခိုင်းလိုက်ပါဦး"

"ဟုတ်ဟုတ်.."

ကျတော့်ရှေ့ကhyungမှာ ယုန်နှုတ်ခမ်းမွှေးလေးတွေနှင့်ချစ်စရာကောင်းနေလေသည်

Daddyက နေ့လည်စာစားဖို့ပြောမှသာ hyungမှာ လွတ်လပ်ရေးရသွားသည့်နှယ် ဝမ်းသာအားရထပြေးသည်

မျက်နှာမှာဆွဲထားသည့်ဟာတွေကိုမေ့ပြီးဘယ်တွေလျှောက်သွားနေဦးမလဲမသိ

"ဝါးးး ထမင်းလိပ်ပဲ"

Arjimahထည့်ပေးလိုက်သည့်ထမင်းဘူးထဲမှ ထမင်းလိပ်တခုကိုယူကာ ပါးစပ်ထဲအကုန်ထိုးထည့်လိုက်သည်

ထမင်းလိပ်ကအနေတော်ပေမဲ့ ဝါးရတာပါးတွေပင်ဖောင်းလာသလားထင်ရသည် တော်တော်နှင့်မျိုမချနိုင်

"ဖြေးဖြေးစားပါ yeolရဲ့
daddyကyeol ဝမှစားမှာ လုမစားဘူး"

Daddyကကျတော်မျိုချလို့အဆင်ပြေအောင်ရေတိုက်ရင်းနဲ့ နောက်သလိုလေးပြောသည်

Daddyအကြောင်းကျတော်သိပါတယ် လုစားမှာဆိုးလို့မဟုတ်ပါဘူး.ထမင်းလိပ်မစားရတာကြာတော့ဝမ်းသာပြီးစားပလိုက်တာ

"Daddyလဲ စား...အာာာာ"

ကျတော်က ခွံ့ကျွေးဖို့ပါးစပ်ဟခိုင်းတော့ daddyကအလိုက်သင့်

အဲ့တာတွေကြောင့်ချစ်နေရတာ
ကျတော့်ကိုဆိုအရမ်းအလိုလိုက်တာပဲ

"Daddy..
မမကိုတရက်လောက်ညစာစားဖိတ်ပါလား
ဟိုနေ့ကdaddyအတင်းနှင်ထုတ်တာနဲ့စကားတောင်ကောင်းကောင်းမပြောလိုက်ရဘူး"

မမအကြောင်းပြောတော့ daddyကမကျေမနပ်မျက်နှာပေးလုပ်နေသေးသည်

ရည်းစားရပြီလားလေး မေးလိုက်တာ တကယ့်ကိုမိုးမီးလောင်တာပဲ

"ဟုတ်ပါပြီ ကိုယ်ဖိတ်လိုက်ပါ့မယ်"

မကြည်မသာမျက်နှာပေးနဲ့မငြင်းရက်လို့သာလက်ခံလိုက်ရတဲ့daddyပုံက တကယ့်ကို angrybirdလေးး

"ကြည့်မနေနဲ့ စား.."

Daddyကိုကြည့်ရင်းအသိစိတ်တွေလွတ်နေတာ ထမင်းလိပ်ပါးစပ်ထဲဝင်လာမှ သတိထားမိသည်

He is my daddy(Z AND U)CompletedWhere stories live. Discover now