Part-10

3.2K 188 29
                                    

<Unicode>

(ဝုန်းးးးး)

"အမလေးးးး!"

အခန်းတခါးကိုဝုန်းခနဲဆွဲပိတ်ပစ်မိတော့ arjimahစီက အာမေဋိတ်အသံထွက်လာတာကိုဂရုမစိုက်ဖြစ်

အောက်ထပ်က daddyအခန်း..
အာ...မဟုတ်ဘူးး
သူ့အခန်းးး

(ခွမ်းးးးး)

(ဒုန်းးး)

သူတမြတ်တနိုးကြည့်နေတတ်တဲ့ ပန်းခ​ျီကားတွေ
ဓာတ်ပုံထည့်ထားတဲ့မှန်ဘောင်တွေ
အားလုံးက ကိုယ့်ခြေရင်းမှာမွစာကြဲလျက်

ဒါတင်မကသေးး ဘီရိုထဲကအဝတ်အစားတွေကိုပါ ကြမ်းပြင်ပေါ်လွှတ်ပစ်ကာ အရူးးလိုအော်နေမိသည်
အတူအိပ်ခဲ့သည့်ကုတင်ပေါ်က ခေါင်းအုံးတွေစောင်တွေကလဲ ရောက်ချင်တဲ့နေရာရောက်လို့..

"အားးးးးးး မုန်းးတယ်!!!!"

ရင်ထဲမှာဆူပွက်နေသလိုခံစားချက်ကြောင့် အခန်းထဲမှာစိတ်ရှိတိုင်းသောင်းကျန်းအော်ဟစ်ခဲ့သည်
စိတ်နဲနဲသက်သာသွားမှ ဓားပြဝင်တိုက်သွားတာထက်တောင်ကြည့်မကောင်းဖြစ်နေသောထိုအခန်းကိုလှည့်မကြည့်ပဲ အပေါ်ထပ်တက်လိုက်သည်

အခန်းတခါးကိုအပြင်ကနေဖွင့်ပြီးဝင်လာမှာဆိုးတာကြောင့် arjimahစီက ကျတော့်အခန်းသော့ကိုတောင်းကာ

တခါးပိတ်နေလိုက်သည်

ညကသူပြန်မလာခဲ့ဘူး...
Haha...မိန်းကလေးတယောက်နဲ့အတူရှိနေတယ်..နောက်ပြီးး ညလဲ ပြန်မအိပ်ဘူးဆိုတော့...

ဆက်​တွေးဖို့တောင်မတန်တော့ဘူး

"Chanyeolလေးး..မထသေးဘူးလား"

နေ့လည်11နာရီလောက်ထိ အောက်ထပ်ကိုဆင်းမလာတာကြောင့် arjimahက အခန်းအပြင်ဘက်ကနေခေါ်တယ်

တခါးကပိတ်ထားတာလေ..
ဘယ်သူလာလာဖွင့်မပေးဘူး

"မနက်စာစားရမယ်လေ သားလေးရဲ့"

Arjimahက စိတ်ပူစွာပြောပေမဲ့ ဘာတခွန်းမှမတုံ့ပြန်သလို တခါးလဲပွင့်မလာတာကြောင့်

ဆက်မပြောတော့ပဲလက်လျှော့သွားသည်

"အင်း kyungsoo.."

"ဒီလိုပါပဲ...အဆင်ပြေပါတယ်"

လိမ်နေမှန်းအသိသာကြီးပေမဲ့...
သူ့အတွက်ကြောင့်ခံစားနေရတာကိုထုတ်မပြောချင်ဘူး

He is my daddy(Z AND U)CompletedWhere stories live. Discover now