Part-5

3.5K 187 33
                                    

<Unicode>

[Flashback continues]

"Park Chan Yeol"

အိမ်ထဲဝင်လာတာနဲ့ sofaပေါ်ထိုင်နေသည့်daddyကအေးစက်စက်လှမ်းခေါ်သည်
Park Chan Yeol ဟု ခေါ်သည်က daddyဒေါသထွက်တဲ့အချိန်မှသာမို့ ကျတော်လန့်နေမိသည်

"..dad daddy...wae yo?"

လွယ်အိတ်ကိုပိုက်ရင်း ကျတော်daddyကိုမကြည့်ပဲမျက်နှာလွှဲထားမိတယ်
ဒီနေ့jonginတို့ေခါ်ပြီးအတင်းတိုက်လို့တခွက်လောက်သောက်မိတာ

မူးလဲမမူး အရက်နံ့လဲမထွက်ပါဘူး
အတတ်နိုင်ဆုံးdaddyမရိပ်မိအောင်နေတာပဲ

Daddyကဘာလို့..ကျတော့်ရဲ့အရာအားလုံးကိုသိနေရတာလဲ

"တကယ်ပဲသောက်လာတာလား yeol"

Daddyကကျတော့်ကိုမယုံနိုင်စွာကြည့်ရင်းမေးတယ်
သိရက်နဲ့ဘာလို့ထပ်မေးနေရတာလဲ

ကျတော့်မျက်နှာအနေအထားကိုကြည့်ရုံနဲ့အကုန်သိနေတာပဲလေ

Daddyကိုကျတော်ဘယ်တုန်းကမှလိမ်လို့မရခဲ့ဘူး
ကျတော့်ရဲ့စကားတခွန်း အကြည့်တချက်က အစ
ဘာကိုဆိုလိုလဲ ဘာဖြစ်နေလဲ daddyသိပြီးသား

"တောင်း. ပန်ပါတယ် daddy..
jonginက.."

"အခန်းထဲသွားတော့"

အံ့သြသွားရသည်

အခုDaddyကျတော့်ကိုစိတ်ပျက်တဲ့လေသံနဲ့ပြောလိုက်တာ

​ဆူလို့ရတယ်daddy..
မကျေနပ်ရင်ရိုက်တဲ့အထိdaddyလုပ်ပိုင်ခွင့်ရှိတာပဲ

ကျတော့်ကို အဲ့လို စိတ်ပျက်တဲ့အကြည့်တွေနဲ့တော့မကြည့်ပါနဲ့

အဲ့တာကအဆ1000လောက်နာကျင်ရတာမို့

ကျေးဇူးပြုပြီးး..

"Daddy.."

"အခန်းထဲသွားတော့လို့..!"

အော်တာမဟုတ်ပေမဲ့ အမြဲတမ်းခပ်အေးအေးပဲပြောတတ်သည့်daddyအသံက ပထမဆုံးအကြိမ်အဖြစ်မြင့်သွားသည်

ကျတော်တောင်းပန်ချင်သေးတာ
ခွင့်လွှတ်စေချင်သေးတာ

ကျတော့်ကိုတောင်းဆိုခွင့်တောင်daddyမပေးခဲ့ဘူး

အပေါ်ထပ်ကိုပြေးတက်လာမိသည်

ရင်ထဲကနာကျင်မှုတွေကပါးပြင်ပေါ် မျက်ရည်အဖြစ်နဲ့တစက်ချင်းစီးကျနေလေရဲ့

He is my daddy(Z AND U)CompletedWhere stories live. Discover now