Part-14

3.1K 184 30
                                    

<Unicode>

"Yeolရေ ထတော့"

မျက်လုံးတဖက်ကိုမသိမသာဖွင့်ကာနာရီလှမ်းကြည့်တော့12နာရီတောင်ထိုးနေပြီ

အိပ်ယာကမထချင်သေးတာကြောင့်daddyနှိုးလဲ မထပဲအိပ်ချင်ယောင်ဆောင်လိုက်သည်

တော်တော်ပင်ပန်းနေတာ
မနေ့က uniဝင်ခွင့်ဖြေရတာကြောင့်

"Yeolလေးး 12ထိုးနေပြီလို့"

ရိုးရိုးနှိုးလို့မရတော့ ကျတော့်လက်မောင်းကိုယိမ်းထိုးစေပြီးနှိုးသည်

အိပ်လို့မရအောင်တမင်သက်သက်လုပ်နေတာ

"Yeol..yeoll yeolll yeolllll"

ဂါးးးးး စိတ်တိုလာပြီ

ကျတော်မထမချင်းကိုdaddyလုပ်နေမှာ
ဘေးကနေ အမျိုးမျိုး
လူကိုယိမ်းထိုးနေတာပဲ ခေါင်းတောင်မူးတယ်

"ထပြီ ထပြီ!"

ဆောင့်အောင့်ကာ စောင်ကိုဆွဲဖယ်ပြီး ထ လိုက်သည်

အိပ်ချင်ပါတယ်ဆို ကောင်းကောင်းကိုမအိပ်ရဘူး

"ရေချိုးခန်းထဲအိပ်မနေနဲ့ဦး"

မျက်နှာသစ်မလို့သွားတာကိုတောင် နောက်ကနေလှမ်းစလိုက်သေးသည့် ထိုလူကြီးး

အိပ်စရာလား
ရေချိုးခန်းထဲအေးကအေးနဲ့..

"ရေချိုးတာကြာနေပြီ မြန်မြန်လုပ်"

တခါးကိုထုပြီး ပြောပြန်ပြီ..
သူရေချိုးတာလောက်တောင်မကြာတဲ့ဟာကို အပိုလုပ်လွန်းတယ်

မြန်မြန်ချိုးမှ...တော်ကြာ ဝင်လာပြီးချိုးပေးနေဦးမယ်

"Coffeeတွေအေးကုန်တော့မယ်"

အကျီဝတ်ပြီးတာနဲ့ daddyယူလာတဲ့မနက်စာကအဆင်သင့်
အောက်ထပ်ထိဆင်းနေရရင်ဗိုက်ပိုဆာသွားမှာဆိုးလို့ အပေါ်ထပ်ယူလာတာတဲ့လေ

ဘယ်အချိန်ထဲက ထပြီး ကြည့်ကောင်းအောင်နေနေသလဲ မသိ
အပြင်သွားစရာမရှိတာတောင် အိမ်ထဲ ချောနေသေးသည့်daddy

(ပိကျိ)

"Daddy! စားနေတာကို မလုပ်နဲ့လေ"

ပေါင်မုန့်ဝါးနေတာကို ပါးလာညှစ်တာကြောင့် မုန့်တွေတောင်ထွက်ကျတော့မည်
ပလုတ်ပလောင်းမို့လို့ ပါးကပိုဖောင်းနေတာကိုအသည်းယားသွားတာ​နေမှာ

He is my daddy(Z AND U)CompletedWhere stories live. Discover now