Part-4

3.7K 198 30
                                    

<Unicode>

တကယ်လို့သာ
မလိုအပ်ခဲ့ဘူးဆိုရင်...
မလိုအပ်တော့ဘူးဆိုရင်...
ထွက်သွားပေးဖို့အသင့်ပါပဲ..

"ချစ်တယ် daddy"

Daddyကတော့အိပ်ပျော်နေပေမဲ့ကျတော်အိပ်လို့မရ
ညနေကအကြောင်းကိုပဲပြန်တွေးနေမိတယ်

Daddyပြန်မဖြေခဲ့တာက ကျတော်ထင်သလိုဖြစ်လာမှာမို့လို့လား

အားး ဟင့်အင်းး မဖြစ်စေရဘူးး
တကယ်လို့သာ daddy.....မိန်းမယူခဲ့ရင် ကျတော်ထွက်သွားမှာ

ဒီအိမ်ကပါထွက်ပြေးရင်သွားစရာနေရာမရှိတော့ပေမဲ့ daddyနဲ့တခြားသူတယောက်ကြည်နူးနေတာကိုတော့ကျတော်မကြည့်နိုင်ဘူး

ကျတော်ကနှလုံးသားနဲ့လူလေ..
ခံစားချက်တွေနဲ့လူလေ

ကျတော့်စိတ်ကိုdaddyမသိသေးသရွေ့နာကျင်နေရဦးမှာပဲ

"တယောက်ထဲပဲအိပ်တော့မယ်"

Daddyအနားမှာဆိုရင် ငိုချင်လာတာမို့ကိုယ့်အခန်းပြန်လာကာကုတင်ပေါ်လှဲချလိုက်သည်

ကျတော်ဘာတွေဖြစ်နေတာလဲ..

daddyကို..အဖေတယောက်အနေနဲ့မဟုတ်ပဲ..
ကျတော့်ရဲ့ချစ်သူတယောက်လိုချစ်မိနေတာ

မဖြစ်သင့်ဘူးဆိုတာသိပေမဲ့ အရမ်းကိုထိန်းချုပ်ထားပေမဲ့...

အချစ်ကအချစ်ပဲ daddy..
ပထမဆုံးအကြိမ်တွေ့ထဲက Daddyရဲ့ အကြည့်
တွေထဲမှာ ကျတော်ဟာကျရှုံးနေပြီးသား

တောင်းပန်တယ် daddy...

Daddyအပေါ်ထားတဲ့အချစ်တွေကိုအရောင်ဆိုးခဲ့မိလို့တောင်းပန်ပါတယ်

"Daddy..ရော
ကျတော့်ကိုအဲ့လိုမ​ျားချစ်နေမလား"

အတွေးတွေများရင်းနဲ့ပဲ ကျတော်အိပ်မက်ထဲကိုရောက်သွားတော့သည်

Daddyကအိပ်မက်ထဲမှာတောင် အေးစက်နေစဲပင်

"ညကအခန်းထဲပြန်အိပ်တာလား yeol"

"ဟုတ်..အိပ်မပျော်လို့ စာပြန်ကျက်ရင်းဒီမှာပဲအိပ်လိုက်တာ"

လိမ်နေမှန်းdaddyသိပေမဲ့ဘာမေးခွန်းမှထပ်မမေးခဲ့
Daddyကျတော့်ကိုဘယ်တုန်းကမှအခက်တွေ့အောင်မလုပ်ဖူးဘူးလေ

He is my daddy(Z AND U)CompletedWhere stories live. Discover now