Part-6

3.3K 187 22
                                    

<Unicode>

ချစ်တယ် ဆိုတဲ့စကားကိုမေ​ျှာ်လင့်နေတာပေမဲ့
သူ့စီကတခါကြားတိုင်း..တခါနာကျင်ရတယ်..

အဓိပ္ပါယ်ကိုသေချာသိနေတာမို့လို့လေ..

"Chanyeol သားလေးး
အိမ်လာလည်ဦးလေ jonginက သားကိုသတိရတယ်ပြောနေတာ"

"ဟုတ် လာခဲ့ပါ့မယ် အ..အန်တီ"

Jongin'ommaနဲ့လမ်းမှာတွေ့တာမို့နှုတ်ဆက်ဖြစ်ခဲ့တယ်

Jongin ah...မင်းကံကောင်းလိုက်တာ
မင်းကိုအရမ်းချစ်တဲ့အမေတယောက်ရထားတာပဲ

ကျတော် omma ကိုလွမ်းတယ်
ဒါပေမဲ့ မုန်းလဲမုန်းတယ်

အမေ ဆိုတဲ့နာမ်စား ကိုယ့်ပါးစပ်ကမထွက်ခဲ့တာဘယ်နှနှစ်တောင်ရှိနေပြီလဲ

သူငယ်ချင်းတွေက စာမေးပွဲဖြေပြီးရင်ပြေးသွားဖို့သူတို့အမေရင်ခွင်ရှိတာကို ကျတော်သိပ်အားကျတာပဲ.

"Yeol..ကားပေါ်တက်"

ရုတ်တရက်ကြီးဘယ်ကရောက်လာမှန်းမသိတဲ့ daddyကကျတော့်လက်ကိုဆွဲကာ ကားထဲတွန်းထည့်တယ်

Daddyကိုကြည့်ရတာ
အတွေးများပြီးစိုးရိမ်နေသလိုပဲ
အလုပ်ကြောင့်စိတ်ဖိစီးပြန်ပြီထင်တယ်

"Daddy.."

"Daddy!"

ဒုတိယအကြိမ်ကိုအသံမြှင့်ပြောလိုက်မှ အာရုံလွင့်နေတဲ့daddyကျတော့်ဘက်လှည့်လာလေရဲ့

တခါမှအဲ့လိုအမူအယာမမြင်ဖူးတာကြောင့်ကိုယ့်အတွက်အထူးအဆန်းဖြစ်နေခဲ့တယ်

"ဘာတွေတွေးနေတာလဲ"

"..yeolကမုန့်သွားဝယ်တာကြာလို​့ စိတ်ပူပြီးလိုက်လာတာ"

Daddyဘာတွေဖြစ်နေတာလဲ?

ကျတော်က ဘာလို့လိုက်လာတာလဲမေးတာမဟုတ်ဘူးလေ
မေးခွန်းတခြား အဖြေတခြားဖြစ်နေတယ်

"Daddy..ကားရပ်"

"ဟင်..အင်းး"

ဘာလို့လဲဆိုတဲ့မေးခွန်းထုတ်မလာပဲ ကားကိုပလက်ဖောင်းဘေးထိုးရပ်လိုက်တဲ့daddy
ကျတော့်စကားကိုဆိုသိပ်အလေးထားတတ်လွန်းတယ်

"ဘာပြောမလို့လဲ yeol"

"Daddy အဆင်ပြေရဲ့လား..တခုခုဖြစ်နေသလိုပဲ"

He is my daddy(Z AND U)CompletedWhere stories live. Discover now