Part-9

3K 181 23
                                    

<Unicode>

"Sam လာ လာ"

Luhan samကိုပါညစာစားဖို့ခေါ်လာတယ်လေ kyungsooကတော့စားရမယ်ဆိုရင်ကြိုရောက်နှင့်နေပြီ

"Daddyရေ မမတို့လာပြီ"

Sofaပေါ်မှာထိုင်ပြီးစကားတွေပြောနေကြတုန်း ကျတော်နဲ့kyungsooကတော့gameဆော့တာပေါ့

ခဏနေတော့ ထမင်းစားခန်းထဲဝင်သွားတယ်

Daddyကတော့ ဘယ်ဧည့်သည်ပဲလာလာ ကျတော့်ဘေးမှာပဲဝင်ထိုင်တတ်တဲ့အကျင့်ကြောင့် ကျတော်ရောမမပါ ပြုံးမိသေးတယ်

"Yifan ဟင်းတွေကအများကြီးပဲ ငါ့အကြိုက်လဲမပါပါလား"

မမကတမင်စနေတော့ daddyက မျက်လွှာလှန်ကြည့်ပြီးမှ

"Yeolကြိုက်တာပဲအမြဲချက်တယ် မစားချင် အိမ်ပြန်စား"

"Hahahahaha"

စမှန်းသိတာတောင် ကန့်လန့်ပြန်ပြောနေတဲ့daddyကြောင့်မထိန်းနိုင်ပဲအကုန်ရယ်မိသည်

ညစာစားဖိတ်ပါတယ်ဆိုမှ အိမ်ပြန်စားခိုင်းနေတယ်
Daddyတကယ်မလွယ်ဘူး

"အိမ်တော့မပြန်ပရစေနဲ့ စားပါ့မယ်..luhanလေး စားစား."

Daddyကတော့မဲ့ရွဲ့ကြည့်ကာ ကျတော့်ပန်းကန်ထဲဟင်းတွေလာထည့်ပေးနေပြန်သည်

"ပေကုန်ပြီ.."

တူနဲ့ယူလိုက်ပေမဲ့ ပါးစပ်ထဲရောက်မလိုလိုနဲ့လွတ်ကျသွားတာ မေးစေ့မှာဟင်းအနှစ်တွေပေကုန်သည်

ဒါကိုဘေးမှ kyungsooက တစ်ရှူးယူကာသုတ်ပေးလေရဲ့

ဆက်စားမယ်လုပ်ပြီးမှ ဘေးကdaddyကိုမသိမသာလှမ်းကြည့်တော့ angrybirdဖြစ်နေပြန်သည်

သူငယ်ချင်းအချင်းချင်းတောင် မနာလိုဖြစ်နေတာလားမသိ

"Daddy အာာ.."

လူအများရှေ့မှာလဲ ကျတော်ကမရှက်တတ် ခွံ့ကျွေးကာချော့လိုက်မှ မျက်နှာကနဂိုအတိုင်းပြန်ဖြစ်သွားသည်

မမနဲ့ sam luhanကတော့ခေါင်းငုံ့ကာရယ်ကျဲကျဲ ဖြင့်

"သြော် ဒါနဲ့ yifan..ငါmaတို့ကိုပြောထားတယ်...
သူတို့လက်ခံမယ်ထင်လား"

He is my daddy(Z AND U)CompletedWhere stories live. Discover now