Part-17

2.7K 193 23
                                    

<Unicode>

"ဘာလုပ်တာလဲ အဲ့ဒါက"

"Gelလိမ်​းတာလေ daddyရဲ့"

ဆံပင်ကို gelလူးပြီးစတိုင်ကျကျပြင်ဆင်ထားတာ ကျတော် အရမ်းခံ့ညားသွားလေရော့လားမသိ
Daddyကမကျေမနပ်နှင့်လှမ်းကြည့်ပြီးမေးသည်

"မရဘူး...ဘာတွေအဲ့လောက်​ကြည့်ကောင်းချင်နေရတာလဲ ဒီကိုလာ"

နှုတ်ခမ်းကိုအနည်းငယ်ထော်ကာ daddyရှေ့ရောက်သွားတာနဲ့ ကျတော့်ဆံပင်တွေက အိမ်မှာနေတဲ့အတိုင်းပင် ကလေးပုံပြန်ဖြစ်သွားသည်

Daddyလုပ်ပလိုက်တာလေ

"Daddy!...ဒီနေ့ပထမဆုံးနေ့ကိုဗျာ"

First day of uniလေ
သပ်သပ်ရပ်ရပ် ချောချောမောမောလေးဖြစ်အောင်အကြာကြီးပြင်ဆင်ထားရတာ

Daddyလုပ်ရက်လိုက်တာ

"အဲ့တော့ဘာဖြစ်လဲ....
daddyရှေ့မှာနေတဲ့ပုံစံလေးအတိုင်းပဲသွား"

"ဟွန်းးး"

မျက်စောင်းထိုးကာ နှုတ်ခမ်းဆူပစ်တော့ daddyကြိတ်ရယ်နေတာကို မျက်ဝန်းထောင့်မှသေချာမြင်ရသည်

လူကို မူကြိုကလေးရုပ်​နဲ့uniလွှတ်ရမှာ အပျော်ကြီးပျော်နေတာ

"..ဘာတွေပျော်နေတာလဲ ဂါးးးး စိတ်တိုလိုက်တာ "

စိတ်တိုတိုနဲ့ အနားသွားပြီး လက်မောင်းနဲ့ပခုံးကို စိတ်ရှိလက်ရှိ ထုရိုက်ပစ်လိုက်သည်

"အားး! နာတယ်....
yeolကလဲ...daddyက ကိုယ့်ကလေးလေးကို တခြားသူတွေငမ်းမှာဆိုးလို့..."

ငိုမဲ့မဲ့ရုပ်လာလုပ်ပြ​နေတာ
တကယ်နာတာလဲမဟုတ်ပဲနဲ့

ဒီလိုအကျင့်တွေ ဘယ်ကတတ်လာတာလဲ အဲ့လူကြီးး

"စိတ်မဆိုးပါနဲ့...

ဟာ ကြည့်ပါဦး နောက်ကျတော့မယ် လာလာ"

လူကိုတခွန်းပဲချော့ပြီး နာရီကြည့်ကာ သုတ်သီးသုတ်ပျာနှင့်လက်တွေဆွဲခေါ်
နောက်ကျတော့မယ် တဲ့

"ပြန်လာမှတွေ့မယ် daddy!!"

ခြိမ်းခြောက်သလိုပြောတာကို ကျတော့်ကိုတချက်ကြည့်ကာ ရယ်ပြီး ကားသာဆက်မောင်းနေသည်

He is my daddy(Z AND U)CompletedWhere stories live. Discover now