<Unicode>
"Park Chan Yeol!!!"
ကျတော့်စီကိုဒေါသတကြီးလျှောက်လာတဲ့daddyကိုတွေ့ပေမဲ့Tao'ကိုမတ်တပ်ရပ်နိုင်အောင်တွဲပေးထားတာကိုတော့လွှတ်မချမိ
ကျတော်မဟုတ်တာမလုပ်ဘူးလေ
ကိုယ့်သူငယ်ချင်းနေမကောင်းတာကို ဒီအတိုင်းကြည့်နေရမှာလား
အဲ့လိုမလုပ်နိုင်ဘူး
"Chanyeol ah..သွားပါ ငါအဆင်ပြေတယ်"
Taoကအားနာနေတဲ့ပုံနဲ့ ကျတော့်ကိုတွန်းလွှတ်သည်
သူက daddyကျတော့်ကိုဘယ်လောက်ချစ်လဲသိတဲ့သူမို့ပထမတော့ ငြင်းပြီး သူ့ကားနားအထိလိုက်ပို့ပေးမလို့ပဲ
jin youngတို့ရောက်လာတာကြောင့် ကျတော်လိုက်မပို့ပေးဖြစ်တော့Jin youngတို့က သူ့အိမ်သိတော့ လိုက်ပို့ပေးဖို့အဆင်ပြေတယ်လေ
သူတို့ထွက်သွားမှ ကျတော်daddyကိုကြည့်မိတော့
Daddyကဘယ်လောက်တောင်စိတ်တိုသွားလဲမသိ အံကြိတ်ထားကာ ကျတော့်ကိုကြည့်နေသည်ဒီလောက်ဖြစ်စရာအကြောင်းမရှိပါဘူး
ကျတော် taoကိုနမ်းနေတာမှမဟုတ်ပဲ
"အသစ်လား သူက"
"ဟင်!"
တခုခုပြောဖို့ ကြံရွယ်ချိန်မှာပဲ daddyက
မထင်ထားတဲ့မေးခွန်းမေးလာတော့
ကျတော် အံ့သြလွန်းလို့ ဘယ်လိုဖြေရမှန်းတောင်မသိ...အသစ်..?
အသစ် တဲ့လား...ကျတော်ကနောက်တယောက်တွဲနေတယ်ဆိုတဲ့သဘောပြောချင်တာလား
Wae!..ဒီ.ဒီလို တိုက်ဆိုင်သွားတဲ့ မြင်ကွင်းအတွက်
သူ ရှင်းပြခွင့်ပေးသင့်တယ်လေအနည်းဆုံးတော့ ဒါဘယ်လိုဖြစ်နေကြတာလဲ ဆိုပြီးတော့ဖြစ်ဖြစ် ပြောသင့်တာ
ဒါပေမဲ့ သူပြောလိုက်တာက... ချစ်သူအသစ် တဲ့လား
"ကားထဲမှာ junmyeonစောင့်နေတယ်..သွားလိုက်"
Daddy'မျက်လုံးတွေနီလာတာ ဒေါသကြောင့်လား ဝမ်းနည်းတာကြောင့်လားမသိ
ခပ်ပြတ်ပြတ်ပြောသည့်စကားတခွန်းက ရေခဲရိုက်ထားသလိုနှယ်
YOU ARE READING
He is my daddy(Z AND U)Completed