Part-3

4.4K 224 23
                                    

<Unicode>

"Yeol"

ကျောခိုင်းပြီးထိုင်နေတော့ ေနာက်ကနေခပ်တိုးတိုးခေါ်သည့်daddy

ဒါပေမဲ့ကျတော်မျက်နှာချင်းမဆိုင်
Daddyကိုမြင်ရရင်ပိုစိတ်မကောင်းဖြစ်မိမယ်လေ

"Yeolလေး daddyဘာလို့ဒီလောက်တောင်အလုပ်တွေလုပ်နေရတာလဲလို့ တခါလောက်မေး​ကြည့်ပါလား"

Daddyအသံကအရမ်းကိုတိုးညှင်းလွန်းသည်
လေးနက်လွန်းသည်

ကျတော် အဲ့မေးခွန်းကိုဘယ်တုန်းကမှမမေးခဲ့ဖူး
မေးဖို့လဲမကြိုးစားခဲ့

Daddyအတွက်အလုပ်ကအရေးကြီးတယ်ဆိုတဲ့စိတ်နဲ့ပဲနေလာခဲ့တယ်
မိဘတွေကြောင့်..ဒါမှမဟုတ် Daddyရည်မှန်းချက်တခုခုအတွက်မို့လို့ဒီလောက်ကြိုးစားနေတာမလား

"ဘာလို့လဲ daddy ဘာလို့အဲ့လောက်တောင်အလုပ်လုပ်ရတာလဲ"

Daddyဘက်ကိုလှည့်လိုက်ကာ အဖြေကိုစောင့်စားနေမိတယ်

ကျတော်အရင်တုန်းထဲကမေးချင်နေတဲ့မေးခွန်းတခုကိုအခုချိန်မှာတော့..daddyကိုယ်တိုင်မေးခိုင်းခဲ့တယ်

"Yeolလေးး...

Daddy..yeolကိုပထမဆုံးခေါ်လာတုန်းက..taxiနဲ့နော်..နောက်ပြီးအဲ့တုန်းက အတူနေခဲ့တဲ့နေရာကသိပ်မကျယ်တဲ့တိုက်ခန်း"

Daddyပြောမှ ကျတော်အရင်က အကြောင်းတွေပြန်စဥ်းစားဖြစ်ခဲ့တယ်

အဲ့တုန်းက daddyဒီလိုမျိုးမချမ်းသာခဲ့ဘူး
တော်ရုံတန်ရုံလောက်ပဲ

အခုဆို daddyမှာ ကိုယ်ပိုင်ကား2စီးရယ်..
စံအိမ်လိုမျိုးအိမ်ကြီးရယ် နဲ့ ကျတော့်ကို သားအရင်းတယောက်လိုမျက်နှာတချက်မညှိုးအောင်ပြုစုစောင့်ရှောက်ခဲ့တာ

ဒါ ဒါဆိုရင် daddyက...

"Daddyဘာပဲလုပ်နေနေ..အဲ့တာအားလုံးကyeolအတွက်ပါ..
daddyရဲ့ကလေးလေးကိုအကောင်းဆုံးတွေပေးချင်တယ် ပျော်အောင်ထားချင်တယ်..

အဲ့အတွက်ပဲdaddyလုပ်နေခဲ့တာ"

"Daddy.."

Daddyရဲ့..နှုတ်ခမ်းဖျားကစကားတချို့ အဆုံးမှာကျတော့်မျက်ဝန်းတွေစိုလာတယ်
ရင်ဘတ်ထဲကလဲအောင့်လာတယ်

He is my daddy(Z AND U)CompletedWhere stories live. Discover now