Part-18

2.7K 180 49
                                    

<Unicode>

"ဒါက!"

အကြည့်တွေက မီးတောက်လို ဝင်း နေတာပဲ

မသိရင် လူကိုတစစီကိုင်ပေါက်တော့မလိုမျိုး

ရိုက်မှာမဟုတ်ပေမဲ့ daddy​ဆူမှာကိုပဲကြောက်နေတာ
Daddyအသံကျယ်ကျယ်ပြောတာနဲ့ကိုငိုချင်လာတတ်တာကြောင့်

"Daddy..ဟို"

"ဘယ်သူလုပ်လိုက်တာလဲ"

ကိုယ့်ဘာသာဖြစ်တာလို့ပြောမယ်ကြံရုံရ်ှိသေး
ရေခဲရိုက်ထားသလိုအသံနဲ့မေးလာတာအတိအကျ

ကျတော်ကအရမ်းဆော့တာမှန်ပေမဲ့ လူကြားသူကြား publicနေရာတွေမှာတော့ ယွစိမခါတတ်

အဲ့တာကြောင့် ခိုက်မိတာမျိုးမရှိတာကိုdaddyသိသည်

"ဆော့ရင်းနဲ့ဖြစ်သွားတာ..."

"ပထမဆုံးနေ့မှာ?"

လိမ်လို့လဲမရ
ကျတော်ရူးချင်လာသည်

ပထမဆုံးနေ့မှာ တချို့ဆိုသူငယ်ချင်းတောင်မရသေးပဲ တယောက်ထဲထိုင်ရတာ

တရင်းတနှီးဆော့ဖို့ဆိုတာမဖြစ်နိုင်

"မတော်တဆဝင်တိုက်သွားတာ တယောက်က"

အမှန်တိုင်းပြောမှပဲ daddyကသက်ပြင်းချကာ ကျတော့်ကိုစိတ်မကောင်းစွာကြည့်သည်

ဘာလို့ ကျတော်လိမ်လား အမှန်ပြောလား ဆိုတာသေချာသိနေရတာလဲ
အလိမ်ဖော်စက်လား daddyက

"အရမ်းနာနေမှာပဲ"

ကျတော့်ကိုဖက်ပြီး ခေါင်းကိုလာပုတ်နေတာ မသိရင် လက်ပဲကျိုးသွားသလိုလို

အသံကလဲငိုတော့မဲ့အသံနဲ့

​ဆူတော့မဆူဘူး

ကျတော့်မှာတနေ့လုံးလန့်နေခဲ့တာ

"ဘာမှမဖြစ်ပါဘူး daddyရဲ့"

"Yixingကိုခေါ်လိုက်မယ်"

ဟာဟာ!

Plasterကပ်ရုံနဲ့ပျောက်လောက်တဲ့အနာကို ဆရာဝန်ခေါ်မယ်ဆိုတာကတော့ များသွားပြီ

"Daddy...ဘာမှမဖြစ်ပါဘူးဆို ​နာလဲမနာဘူး ဆေးထည့်လိုက်ရင်ကောင်းသွားမှာ"

He is my daddy(Z AND U)CompletedWhere stories live. Discover now