Part-11

3.1K 183 47
                                    

<Unicode>

(Knock Knock)

အိပ်ယာကနေထထချင်းကြားရတဲ့တခါးခေါက်သံကြောင့် ဆံပင်တွေကိုဖွကြဲကာတခါးစီလျှောက်သွားလိုက်တယ်

Daddyတော့မဖြစ်နိုင် ဒဏ်ရာကြီးနဲ့သူ့ဘာသာတောင်အနိုင်နိုင်

"Arjimah..ကျတော် မနက်စာမစား...အင်းး"

တခါးမဖွင့်ခင်ထဲက ပြောလာတဲ့စကားက အခန်းတခါးဖွင့်လိုက်တဲ့အချိန်မှာရပ်သွားကာ ပင်ပန်းသလိုမျိုး အင်းး ဆွဲလိုက်မိသည်

ရပ်နေတာက daddy..
လက်ထဲမှာလဲ ပေါင်မုန့်တွေထည့်ထားတဲ့ပန်းကန်ရယ် ကော်ဖီတခွက်ရယ်

"ဘာမှမစားတာဘယ်နှရက်တောင်ရှိပြီလဲ...
နဲနဲတော့စားလိုက်ပါ"

မျက်နှာချင်းမဆိုင်ချင်သေးတာကြောင့်
ဘာမှပြန်မပြောပဲ တခါးကိုဆွဲပိတ်ပစ်လိုက်တော့ တစုံတခုကွဲကြေ​သံက( ခွမ်းးး )ခနဲ

အမြန်ပြန်ဖွင့်ကာ ကြည့်လိုက်တော့ ကျတော့်အခန်း​ဝမှာ ကွဲကျကုန်တဲ့ ပန်းကန်နဲ့ ခွက် အပိုင်းအစတွေကို တခုချင်းကောက်နေသည့်daddy

​တခါးကိုရုတ်တရက်ကြီးဆောင့်ပိတ်လိုက်တာကြောင့် လက်ကို ထိမိပြီးး လွတ်ကျကုန်တာထင်ပါရဲ့

"သွားပါတော့"

အဲ့လိုပုံစံမျိုးကိုကျတော်မမြင်ချင် မမြင်ရက်နိုင်..
အပြစ်အတွက်ပေးဆပ်နေသလိုခံစားရသည်

သိပ်ကိုသနားစဖွယ်ကောင်းလွန်းသည်

"Yeolအခန်းထဲကထွက်ရင်စူးမှာဆိုးလို့"

နဖူးကပတ်တီးကိုတောင်အားမနာပဲ ဟိုတစ ဒီတစ လိုက်ကောက်နေရှာသည့်daddyရယ်

Wu yi fan ဆိုတဲ့သူဌေးလေးက ကျတော့်အတွက်နဲ့ဒီလိုတွေပါလုပ်နေတယ်ဆိုရင်ဘယ်သူကများယုံနိုင်ပါလိမ့်မလဲ

"​မြန်မြန်သွားတော့"

စိတ်မရှည်သလိုပြောမိတော့ ကျတော့်ကိုမော့ကြည့်လာပြီးမှ အကွဲစတွေကိုသေချာကိုင်ကာအောက်ထပ်ဆင်းသွားလေသည်

ကြမ်းပြင်ကိုသေချာကြည့်မိတဲ့အခါမှာ သွေးစက်အချို့ကိုတွေ့ရသည်

He is my daddy(Z AND U)CompletedWhere stories live. Discover now