Part-15

3.1K 190 27
                                    

<Unicode>

"Daddy.."

အိမ်ထဲကို ဝုန်းဒိုင်းကြဲဝင်သွားတဲ့daddyက
ကျတော့်​ကိုတောင်မစောင့်
အနောက်ကနေအပြေးလိုက်တော့ အခန်းထဲဝင်သွားပြန်ရဲ့

ကျတော်လဲ အခန်းထဲလိုက်ဝင်ကာ ကုတင်ပေါ်မှာထိုင်နေတဲ့daddy (ကုတင်အစွန်းမှာထိုင်ပြီးခြေထောက်ကိုကြမ်းပြင်ပေါ်ချထားသည်)

ခြေထောက်အနားမှာထိုင်ချကာ မျက်နှာငယ်လေးနဲ့ ကြည့်လိုက်သည်
ကိုယ်ကအပြစ်လုပ်ထားတာကိုး

"Yeol..မှားသွားပါတယ်..."

"Daddyကိုလိမ်တာမဟုတ်ပါဘူး...
Kyungsooကအပြင်ထွက်တော့မှာနဲ့ တိုး လို့"

"Jonginနဲ့လဲမတွေ့ရတာကြာပြီလေ"

ကျတော်ကသာ ရပ်လိုက် နားလိုက်နဲ့ စကားတွေပြောနေတာ daddyကတုပ်တုပ်မလှုပ်

ငိုတောင်ငိုချင်လာပြီ..
ရှင်းပြရင်လဲနားထောင်ပေးမှပေါ့
မဟုတ်ပဲ အထင်တွေစွတ်လွဲနေတယ်

"Samခေါ်ထားတာမဟုတ်ပါဘူး.. yeolလဲsamလာမယ်မှန်းမသိခဲ့ဘူး"

"Jonginနဲ့တွေ့တော့မှ samနဲ့ပါချိန်းထားမှန်းသိတာ"

"Samကyeolကိုမသောက်စေချင်ပါဘူး ဒါပေမဲ့ yeolက..သောက်ချင်စိတ်ပေါ်လာလို့"

"တောင်းပန်ပါတယ် နော် daddy"

တောင်းပန်လဲ စကားတခွန်းမှမပြန်ပြောတာကြောင့် အဲ့နားမှာပဲ ထိုင်ငိုပစ်လိုက်တယ်

"အင့်~~ဟင့်...စိတ်ဆိုးနေလဲ လူကိုအဖက်တော့လုပ်ပေါ့ ဟင့်~~"

"တခါလေးသောက်မိတာကို...အ ဟင့်"

ကျတော်ငိုတော့မှပဲ ကျောက်ရုပ်ဖြစ်နေသည့်daddyကလှုပ်ရှားတော့သည်

"တိတ် တိတ်...လာ"

ကျတော့်ကိုချီမ ကာ ကုတင်ပေါ် ထိုင်စေတာမျက်နှာချင်းဆိုင်

မျက်ရည်တွေသုတ်ပေးပြီးတော့မှမေးသည့်daddy

"ဘယ်နှပုလင်းသောက်ခဲ့လဲ"

ဘာလုပ်မလိ​ု့လဲတော့မသိ

ပြန်လဲမမေးရဲ အခုမှစကားပြန်ပြောတာကို နောက်တခါစိတ်ဆိုးသွားရင် မဖြစ်တာကြောင့် လက်တချောင်းထောင်ပြလိုက်သည်

He is my daddy(Z AND U)CompletedWhere stories live. Discover now