Part-2

5.7K 259 25
                                    

<Unicode>

"Daddy..အလုပ်သွားတော့မှာလား"

"အင်း yeolကိုအရင်ကျောင်းလိုက်ပို့ရမယ် ထတော့"

ကုတင်ပေါ်မှာအိပ်ချင်မူးတူးနဲ့ထိုင်နေတဲ့ကျတော့်ကိုဆွဲချီတဲ့daddyရယ်
အဲ့လိုမှမလုပ်ရင်လဲ ကျတော်ကျောင်းသွားဖြစ်မှာမဟုတ်ဘူး

အိပ်နေဦးမှာ

ကျတော်ကအိပ်တာရယ် စားတာရယ် ဆော့တာရယ်က လွဲရင်ဘာမှလုပ်တတ်တာမဟုတ်ဘူး
Daddyပဲအကုန်လုပ်ပေးရတယ်

"မြန်မြန်လုပ် နောက်ကျမယ် yeol"

"ဟုတ် daddy"

မျက်နှာသစ် သွားတိုက် ရေချိုး အကုန်လုပ်ကာ ထွက်လာတော့ ကျတော့်uniformကိုdaddyကအဆင်သင့်ထုတ်ပေးပြီးသား

ဝတ်ပါဝတ်ပေးတယ်ဆိုပါတော့..

"လာ မနက်စာစားရမယ်"

Daddyဆိုတာကကျတော့်အတွက်ဆို
တခုချင်းမချွင်းမချန်အကုန်သတိပေးပြီးဂရုစိုက်တတ်တဲ့လူမျိုး

မနက်စာစားဖို့မေ့သွားတာမျိုး မုန့်ဖိုးကျန်ခဲ့တာမျိုး တခါမှအဖြစ်မခံဘူး အသေးစိတ်ကအစdaddyခေါင်းထဲမှာရှိပြီး ကျတော့်ကိုသေချာစီစဥ်ပေးတယ်

အဲ့တာကြောင့်လဲအရမ်းကိုချစ်နေရတာ

"Yeol ဖြေးဖြေးစား.."

ကျတော်ကြိုက်တဲ့မုန့်တွေဖြစ်နေတာကြောင့် ပျောက်သွားမှာဆိုးသည့်အလား ပါးစပ်ထဲထိုးသိပ်ထည့်နေတာdaddyကစိတ်ပူပြီးပြောရသည်အထိ

"ဟီးး..ဟုတ်ကဲ့ daddy"

Daddyပြောသလိုစားတာကိုအရှိန်လျှော့ရင်းကော်ဖီနဲ့မျှောချသည်
အစားအသောက်စားချိန်ဆိုရင်အမြဲတည်ငြိမ်နေတတ်တဲ့daddyကိုမသိမသာလေးလှမ်းလှမ်းကြည့်ဖြစ်တယ်
Daddyအပြုအမူတိုင်းကသိပ်ကိုဆွဲဆောင်မှုရှိလွန်းတယ်

"Arjimah..yeolအတွက်ထမင်းဘူးထုပ်ပြီးပြီလား"

"ဟု​​တ်ကဲ့ ပြီးပါပြီ သူဌေး"

Arjimahကကျတော့်ကိုထမင်းဘူးလေးလာပေးသည်
စားပြီးသောက်ပြီးတာမို့ daddyနဲ့အတူ ကားပေါ်တက်လိုက်သည်

Daddyကမောင်းတဲ့နေရာမှာထိုင်ရင်ကျတော်ကဘေးခုံမှာထိုင်နေကျ

He is my daddy(Z AND U)CompletedWhere stories live. Discover now