Part-12

3.2K 194 36
                                    

<Unicode>

"ဘယ်ကိုပြေးမှာလဲ park chan yeol!!"

"အားးး လွှတ်! လွှတ်ပေးးးး!"

ကျတော့်ရဲ့နောက်အဖေက လက်ကိုအတင်းဆွဲကာ တနေရာကိုခေါ်သွားဖို့ကြိုးစားသည်
ထင်တာတော့ အိမ်ကိုပြန်ခေါ်သွားပြီး ခိုင်းစားဖို့ပဲ ဖြစ်မှာ

ရုန်းပေမဲ့လဲ ဘာမှမထူးခြား
လက်ကောက်ဝတ်ကိုအတင်းဖိညှစ်ချုပ်ထားတာမို့ နာကျင်လှပြီ

ဘယ်သူမှ ကျတော့်အသံကိုမကြားကြ

"လွှတ်!...လွှတ်လို့!!"

"ပါးစပ်ပိတ်ထားစမ်းးး! မင်းကိုလိုက်ရှာနေတာကြာပြီ..
ကောင်းစားနေတယ်ပေါ့လေ အိမ်ကထွက်ပြေးပြီးတော့"

"ဟင့်အင်းး! ကျတော့်ကိုလွှတ်ပေးးး!
ကယ်ကြပါဦးးး!"

ကြောက်လွန်းတာကြောင့်မျက်ရည်တွေပင်စီးကျလာသည်
Daddyစီကထွက်ပြေးရင်ဒီလိုတွေဖြစ်မယ်လို့ကျတော်မတွေးခဲ့မိ

(flashback start)

*ဘယ်ကိုထွက်ပြေးမလိ​ု့ကြံနေတာလဲ ဟမ်!*

*ကျတော် clubမှာအလုပ်မလုပ်နိုင်ဘူး!"

တိတ်တိတ်လေးအိမ်ကထွက်ဖို့ကြိုးစားပေမဲ့ ထိုမုန်းစရာလူကြောင့်မအောင်မြင်ခဲ့

အမြဲတမ်းမိသည်

*အဲ့ဒါဆို မင်းကျောင်းထွက်!..မင်းကျောင်းစရိတ်ကိုငါကဘာမှမဆိုင်ပဲ ခွေးလိုနွားလိုရှာနေရတာသိလား park chan yeol*

အဲ့အချိန်တုန်းက ကျတော်စာကြိုးစားပြီးတော့ ကိုယ့်ဘာသာရပ်တည်နိုင်တဲ့လူတယောက်ဖြစ်ချင်ခဲ့တယ်
ဒီလိုဘဝကနေရုန်းထွက်နိုင်ဖို့ပေါ့

*မထွက်နိုင်ဘူး...အလုပ်လုပ်စရာနေရာအများကြီးရှိတာကို ဘာလို့clubမှာလာလုပ်ခိုင်းနေတာလဲ*

*မင်းလိုပုံစံနဲ့ကောင်က အဲ့နေရာမှာပဲ အလုပ်လုပ်လို့ရမှာပေါ့ မသိဘူးလား!!*

လူကိုစော်ကားလိုက်ပုံများ
ကျတော်က အချိန်ပိုင်းအလုပ်တောင်လုပ်နိုင်တဲ့အရည်အချင်းမရှိပဲ အဲ့လိုညစ်ပတ်တဲ့အလုပ်ကိုလုပ်ရမတဲ့လား

*မလုပ်နိုင်ဘူးး လုံးဝမလုပ်ဘူး အ့လောက်ပိုက်ဆံလိုချင်ရင် ခများသွားလုပ်!!*

He is my daddy(Z AND U)CompletedWhere stories live. Discover now