Part-13

3.5K 184 42
                                    

<Unicode>

"Daddy...yeolလေ daddyကိုချစ်တယ်...

အဖေတယောက်အနေနဲ့မဟုတ်ပဲ..ချစ်သူလိုမျိုး"

"ဟင်!..yeol အိပ်နေတာမဟုတ်ဘူးလား"

တအံ့တသြနဲ့ပြောပြီးသူ့ပါးစပ်သူလဲလက်နဲ့အုပ်လိုက်သေးသည်
ကျတော်အိပ်နေတယ်ပဲထင်နေတဲ့daddyကအရမ်းကိုရိုးလွန်းတယ်

"အိပ်ချင်ယောင်ဆောင်နေတာ...
daddyပြောတာအကုန်ကြားတယ်"

"အာ..ဒီကလေးလေးတော့ကွာ"

"ဟာ daddy!"

ရုတ်တရက်ကြီးကျတော့်ကိုပွေ့ချီကာကုတင်ပေါ်ချလိုက်တာကြောင့် မျက်လုံးတောင်ပြူးသွားတယ်

အပေါ်ကနေပါ အုပ်မိုးလာတာမို့ ရင်ခုန်သံတွေကတားမရဆီးမရ ကျယ်လောင်နေသည်

"မသိချင်ယောင်ဆောင်နေပါလား ကလေးလေးရဲ့"

"မဆောင်ပါဘူး yeolကချစ်တာကိုး...
နောက်ပြီး ချစ်နေတာလဲ ကြာလှပြီ

daddyကသာအေးတိအေးစက်လုပ်ပြီး လူကိုဂရုမစိုက်တာ...

ငိုအောင်လဲလုပ်တယ်

yeolမှာလေ daddyပြန်ချစ်ပါ့မလားဆိုပြီး ဘယ်လောက်တောင်စိတ်ပူရလဲ သိလား.."

ပေါက်ပေါက်ဖောက်သလိုမျိုး မနားတမ်းပြောနေမိတာကို daddyကပြုံးကြည့်နေတာ မျက်တောင်ပင်မခတ်

ကျတော်​့စကားတွေရပ်သွားမှ daddyဘက်က စပြောသည်

"မသိချင်ယောင်ဆောင်နေခဲ့မိတာ...
daddyတောင်းပန်တယ်နော် yeolလေး"

"Yeolထွက်သွားတုန်းက
daddyအရမ်းကြောက်သွားတယ်...

ပြန်ရှာမတွေ့တော့ရင်ဘယ်လိုလုပ်မလဲ ဆိုပြီးတော့"

"အဲ့တာကြောင့် အခုကစပြီးကိုယ့်ကိုyeolအပိုင်လို့သတ်မှတ်လိုက်..နောက်တခါတော့မထားခဲ့ပါနဲ့"

အားး ဒီလူကြီးဗျာ

စကားတွေနဲ့လူကိုအရည်ပျော်အောင်လုပ်နေတယ်
တချက်လောက်နမ်းပစ်ချင်တာ လူကမျက်နှာတောင်မသစ်ရသေးတာမို့ မဖြစ်သေး

"မထားခဲ့တော့ဘူး..ချစ်တယ်...daddy"

ကိုယ့်ဘာသာပြောပြီးမှမျက်နှာတွေပူလာတာကြောင့်ရေချိုးခန်းထဲ ပြေးဝင်မိတော့ နောက်မှdaddyက တဟားဟားရယ်ရင်းကျန်ခဲ့လေရဲ့

He is my daddy(Z AND U)CompletedWhere stories live. Discover now