Part-7

3.3K 190 20
                                    

<Unicode>

"အိမ်မှာပဲနေနော် yeol..daddyစောစောပြန်လာမယ်"

"ဟုတ်ကဲ့ daddy...မွ"

ပါးတဖက်ကို အနမ်းပေးလိုက်တော့ daddyပြုံးသည်

ပြီးမှ ကျတော့်ကို တာ့တာ ပြရင်းကားပေါ်တက်ကာမောင်းထွက်သွားတော့သည်

အင်းးး ဒီတမနက်တော့အိမ်မှာdaddyမရှိဘူးပေါ့
ပျင်းစရာကြီးး

"အိုက် ယားးး"

Daddyအခန်းထဲက ကုတင်ပေါ်ပစ်လှဲချလိုက်ကာ ကာတွန်းစာအုပ်တအုပ်ဖတ်နေလိုက်သည်

အရင်ကလောက်အလုပ်မများတော့တာတောင် daddyမှာတခြားကိစ္စတွေနဲ့

ကျတော့်အနားသိပ်ရှိမပေးဘူး
ဒါပေမဲ့လဲ နားလည်ပါတယ် daddyက ကိုယ့်အတွက်ကြိုးစားနေတာပဲလေ

"အိပ်ချင်လာပြီ"

စာဖတ်ရင်မျက်လုံးကမှေးစင်းလာတာမို့ မျက်နှာပေါ် ဖတ်လက်စစာမျက်နှာလှန်ထားသည့်စာအုပ်ကိုတင်ကာ အိပ်လိုက်သည်

(Knock Knock)

(Knock Knock)

ဝေး​နေတဲ့အသံတခုကတဖြေးဖြေးနီးလာသလို ခံစားရမှုနဲ့အတူ ကျတော့်မျက်လုံးတွေပွင့်လာတယ်

တခါးခေါက်နေတာပဲ..

Daddyတော့မဟုတ်လောက်ဘူး
ညကျမှပြန်လာမှာဆိုတော့ arjimahလားမသိဘူး

(Knock Knock)

"လာပြီ"

စာအုပ်ကိုကုတင်ပေါ်ချခဲ့ပြီးတခါးသွားဖွင့်လိုက်သည်
ထင်တဲ့အတိုင်း တခါးဝမှာarjimahကရပ်နေလေသည်

"Chanyeolလေးး..
သူဌေးကအောက်ဆင်းလာခဲ့ပါဦး တဲ့"

"အော် ဟုတ်..ဟုတ်ကဲ့"

Daddyအစောကြီးပြန်လာတာပဲ
အရင်ကဆို

စကားပြောချင်ရင်ကိုယ်တိုင်လာခေါ်နေကျလေ ခုမှဘာလို့ Arjimah ကိုခေါ်ခိုင်းရတာလဲ

တခုခုတော့အကြောင်းရှိပြီ..

"Daddy...အစောကြီး ပြန်ရောက်.."

လှေကားကနေဆင်းရင်းပြောလာတဲ့စကားက daddyစီအကြည့်ရောက်သွားချိန်တွင်ရပ်တန့်သွားရသည်

He is my daddy(Z AND U)CompletedWhere stories live. Discover now