Part-33 (Final)

4.2K 219 29
                                    

Uni

"Chanyeol ပြောစရာရှိတယ်"

"သြော် အင်း"

အတန်းထဲမရောက်သေးခင်မှာပဲ ကျတော့်ကိုပြောစရာရှိလို့စောင့်နေပုံရတဲ့taoက လူရှင်းတဲ့နေရာစီဆွဲခေါ်သွားတယ်

အလကားနေရင်းမပြုံးတတ်တာ သူ့အကျင့်ပေမဲ့ ဒီတခါတော့ရင်နဲနဲတုန်သား

ဘာလို့လဲမသိ ကြောက်စိတ်တွေဝင်နေတယ်

"မင်းသတင်းကြည့်ပြီးပြီလား"

"ဘာသတင်း"

မျက်တောင်နှစ်ချက်လောက်ခတ်ရင်းပြန်မေးလိုက်တော့ taoက စိတ်ပင်ပန်းနေသည့်ပုံနှင့်
ဟိုဘက်လှည့်ကာ မျက်လုံးမှိတ်ပြီး သက်ပြင်းတချက်ချသည်

"ပြောလေ tao..ဘာမို့လို့လဲ"

"Wu Yi Fanက..."

Daddyနာမည်ပါလာတာမို့ကျတော်ပိုရင်တုန်လာသည်

မနက်ကမှအကောင်းကြီးပါ
daddyဘာများဖြစ်လို့လဲ

"Daddyဘာဖြစ်လို့လဲ"

ကျတော့်မျက်လုံးတွေကိုတည့်တည့်ကြည့်ပြီးtaoပြောလိုက်သည့်စကားက

"မင်းကိုမွေးစားထားတာဖျက်သိမ်းလိုက်ပြီ/(မွေးစားသားအဖြစ်ကစွန့်လွှတ်လိုက်ပြီ)"

~~~He Is My Daddy~~~

ဘာတွေဖြစ်ကုန်တာလဲ...
မပြောမဆိုနဲ့ဘာလုပ်လိုက်တာလဲ

မွေးစားတာဖျက်သိမ်းတယ်ဆိုတဲ့အဓိပ္ပါယ်က ကျတော့်ကိုထွက်သွားခိုင်းတာမလား...

ပတ်သက်မှုတခုမှမရှိတော့ဘူးဆိုတဲ့သဘောပဲလေ

ဒါ ဒါဆို...daddyကကျတော့်ကိုတကယ်မချစ်ခဲ့ဘူးလား!
ကစားခဲ့တာပေါ့

"Chanyeol...နေမကောင်းဘူးလား"

"​...ကောင်း ကောင်းပါတယ် hyung"

Hyungအမေးကိုတုန်ယင်စွာနဲ့ဖြေလိုက်တယ်

အခုထိမယုံနိုင်သေး
Taoပြောပြလို့သာသိရတာ

ဘယ်အချိန်ထဲက စီစဥ်ထားတာလဲ ဘယ်အချိန်ထဲကနှင်ထုတ်ချင်နေခဲ့တာလဲ

ကျတော်ကစိတ်ပျက်စရာကောင်းနေတာလား ဒါမှမဟုတ်ရိုးသွားလို့လား

He is my daddy(Z AND U)CompletedWhere stories live. Discover now