Extra

3.7K 194 31
                                    

"Yeol...ပြီးမှစား ခဏလောက်နေပါဦး ပေပွနေတာပဲ"

ခံ့ခံ့ညားညားsuitကြီးဝတ်ထားတဲ့daddyက
နက်ပြာရောင်suitဝတ်ပြီးPartyမှာရှိသမျှမုန့်တွေလိုက်စားနေသည့်ကျတော့်အား ပေပွနေသည်ကိုသုတ်ပေးလေသည်

အိမ်မှာတုန်းက မုန့်မြင်ရင်သံလိုက်လိုပြေးမကပ်ဖို့အခါခါမှာထားတာကြောင့်တင်းခံနေပေမဲ့ စိတ်ကသစ္စာရှိတာကြောင့် ဘယ်လိုမှမထိန်းနိုင်

"တခုလောက်စားဦးမယ်"

Daddyကသူ့မိတ်ဆွေတွေနဲ့မိတ်ဆက်ပေးဖို့ခေါ်သွားသည့်တိုင်အောင်ကျတော့်ကတော့ပါးစပ်ထဲမှာဝါးလို့မပြီးသေး
လူကြီးလူကောင်းတွေကြားမှာကျတော်တယောက်ထဲသူငယ်နာမစင်သေးသည့်ကလေးလိုလို

"ဒါက golden companyရဲ့ မန်နေဂျာလေ lee dong wookတဲ့

Dong wook ဒါက ကိုယ့်ရဲ့ ...ယောက​ျ်ား"

ရုပ်ရည်သန့်သန့်နှင့်လူကြီးတယောက်ရှေ့ခေါ်လာကာ ကျတော့်ကိုမိတ်ဆက်ပေးနေသည်

ဟိုကလဲ ရှန်ပိန်တခွက်ကိုမော့ချလိုက်ရင်း ကျတော့်ကိုလက်ဆွဲနှုတ်ဆက်ပြီး

"ချစ်စရာလေးပဲ wu yifan တို့ကောင်းစားနေတာ"

"..ရပြီလေ...လက်ဆွဲနှုတ်ဆက်တယ်ဆို​တာက 5စက္ကန့်လောက်ပဲကောင်းတယ်"

ထိုလူကြီးနှင့်ကိုယ်ဆက်သွယ်ထားသောလက်ကိုကြားထဲကဖြတ်ချကာပြောသည့်daddyကရုပ်တည်နှင့်
လူကြားသူကြားလဲမရှောင် သူအူတိုတတ်တဲ့အကျင့်ဟာဘယ်တော့မှမပျောက်

"ဒါကိုယ့်ယောကျ်ားလေ...chanyeolတဲ့"

"သြော် မင်္ဂလာပါ "

"ရတယ် လက်ဆွဲမနှုတ်ဆက်နဲ့တော့"

တဖက်ကလူထုတ်လိုက်သောလက်ကိုမှအားမနာ ကျတော့်လက်ကိုအောက်ညွှတ်ထားပြီးပြောတဲ့daddyကြောင့်partyထဲမှာတင်ထုရိုက်ပစ်ချင်စိတ်ကိုအပြုံးလေးနဲ့ဖုံးကွယ်ထားရသည်

အခင်အမင်ပျက်အောင်များလုပ်နေသလား လက်ဆွဲနှုတ်ဆက်တာကအသားပဲ့ပါသွားတာလဲမဟုတ်ပဲနဲ့

"ချစ်​စရာလေးကွ...အစထဲကယူလိုက်ရမှာကို မွေးစားသားလုပ်လိုက်သေးတယ်"

He is my daddy(Z AND U)CompletedWhere stories live. Discover now