Part-30

2.4K 186 63
                                    

<Unicode>

"Daddy အစောကြီးပြန်ရောက်နေပါလား"

Sofaပေါ်မှာခြေချိတ်လက်ပိုက်ထိုင်နေပုံက Gangsterလိုလိုနဲ့
Daddyဟာတကယ့်ကိုကျတော်ထင်ထားတဲ့အတိုင်းး

"Daddyလေးးရေ"

အနားသွားထိုင်ပြီးး မျက်နှာနားကပ်ကာခေါ်လိုက်သော်လဲစက်ရုပ်လိုမျိုးတချက်မလှုပ်
ကျောင်းကိုလာတုန်းကတော့သူပဲအမောတကောနဲ့ စိတ်ဆိုးပြန်တော့လဲ သူပဲ

"Daddy...yeolကလေ ကျောင်းနောက်ကျမှာဆိုးပြီးအာရုံမရဖြစ်သွားတာပါ စိတ်မဆိုးပါနဲ့"

"နောက်မဖြစ်စေရဘူးလေ...
အခုသေချာဝတ်ထားတယ်တွေ​့လား"

စက်ရုပ်ကြီးကိုစကားထိုင်ပြောနေရသလိုdaddy'စီကတုံ့ပြန်မှုတစုံတရာပင်မရ
ကျတော့်ကိုတောင် စေ့စေ့ကြည့်မလာတဲ့daddyရယ်

ကျတော်မှားတာပါ daddyကတော့မချွတ်တမ်းဝတ်တာကို ကျတော်တန်ဖိုးမထားသလိုဖြစ်သွားတယ်
စိတ်ဆိုးရင်လဲဆိုးသင့်ပါတယ်

"Yeolတောင်းပန်ပါတယ်....စကားလေးတော့ပြန်ပြောပါနော် daddy"

တောင်းဆိုတာတောင်မှ
daddyတချက်မလှုပ်တာကြောင်​့ဝမ်းနည်းပြီး မျက်ရည်ကကျချင်ချင်

Daddyစိတ်ရှုပ်နေမှာဆိုးတာကြောင့်...
အနားမှာကပ်ပြီးမနေမိတော့ပဲ အပေါ်ထပ်ကကိုယ့်အခန်းကိုသာတက်သွားလိုက်တယ်

ကျတော့်ကိုစကားတောင်မပြောချင်တော့လောက်အောင်စိတ်ပျက်သွားခဲ့တာပဲ...

"ဟင့်~~"

ကုတင်ပေါ်တက်ပြီးဒူးကိုပိုက်ကာ ငိုနေမိတယ်...
ကျောင်းမှာထဲကရင်တထိတ်ထိတ် ပြန်လာတော့လဲလွယ်အိတ်မချနိုင် အမောတောင်မဖြေပဲ daddyကိုချော့ခဲ့တာ

အဲ့လောက်ကြီးစိတ်မဆိုးလောက်ပါဘူးဆိုပြီးတော့လေ

ကျတော်ကိုယ့်ကိုယ်ကိုအရမ်းအထင်ကြီးမိသွားတယ်ထင်ပါရဲ့

"အဟင့် Tao ah..."

လုပ်စရာမရှိ ​daddyကလဲလာမချော့တာကြောင့်
Taoစီဖုန်းခေါ်ပြီးသူကိုင်တာနဲ့ငိုတော့သည်

"Chanyeol wae wae!..မငိုနဲ့လေ ဘာဖြစ်တာလဲ"

ပြာပြာသလဲမေးနေတဲ့Taoကြောင့် အကျယ်ကြီးငိုမိတော့တယ်
အားကိုးရှိတော့ပိုငိုရတာပေါ​့

He is my daddy(Z AND U)CompletedWhere stories live. Discover now