Part-29

2.3K 168 36
                                    

<Unicode>

"Daddy!!"

မျက်နှာကိုလက်နဲ့အုပ်ပြီးယိုင်တိုင်တိုင်ဖြစ်နေတဲ့daddyစီအမြန်ပြေးသွားလိုက်တယ်

ဟိုနှစ်ကောင်လဲအလန့်တကြားနဲ့ခုမှ ပြေးရောက်လာကြတယ်
Daddyထိသွားတာကိုဘောလုံးဆက်ကန်နေလို့မှမဖြစ်တာ

"Daddyရရဲ့လား...daddy"

လက်ကိုဖြေးဖြေးချင်းဆွဲဖယ်လိုက်ပေမဲ့ မျက်လုံးကိုခပ်တင်းတင်းမှိတ်ပြီး ရှုံ့မဲ့နေတဲ့daddy

မျက်နှာတခုလုံးလဲနီရဲနေတာပဲ

"အိမ်ထဲဝင်မယ် daddyလာ"

မနိုင်တနိုင်တွဲရင်း အိမ်ထဲပြန်ခေါ်​လာပြီးsofaပေါ်ထိုင်ခိုင်းလိုက်တယ်

Daddyအခုထိမျက်လုံးမဖွင့်နိုင်သေး

"အရမ်းနာနေလားဟင်...yeolတောင်းပန်ပါတယ်"

"အ့ ရ ရပါတယ် yeol"

ဘာလုပ်ပေးလို့လုပ်ရမှန်းမသိတော့
ရင်ထဲဝမ်းနည်းလာပြီးငိုသာချလိုက်တော့တယ်

"ဟင့်...yeolကြောင့်ဖြစ်တာ....
yeolဘောလုံးမကန်သင့်ဘူး"

"မငိုနဲ့လေ ကိုယ်မနာပါဘူး အခုသက်သာသွားပြီ"

မျက်လုံးကိုမနည်းအားယူဖွင့်ပြီး
ကျတော့်ကိုခေ​ျာ့နေသေးသည့်daddy..

ဒီလောက်နာသွားတာတောင် မနာပါဘူးတဲ့

ကျတော့်ကြောင့် ကျတော်အရမ်းဆော့လို့ဖြစ်တာ

အဲ့လောက်ထိမဆော့သင့်ဘူး ရှေ့မကြည့်နောက်မကြည့်နဲ့
Daddyကျတော့်ကြောင့်ခဏခဏထိခိုက်နေရတာ အဟင့်

"Daddyမျက်နှာသစ်လိုက်ဦးမယ်"

ရေချိုးခန်းထဲဝင်သွားပြီးတော်တော်ကြာမှထွက်လာသည့်daddy

မျက်နှာသိပ်မနီတော့ပေမဲ့ နာတော့နာနေဦးမှာ

"တောင်းပန်ပါတယ်နော် daddy အုံဖွ အုံဖွ အုံဖွ"

မျက်နှာအစိတ်အပိုင်းတခုချင်းစီ
အုံဖွလုပ်ကာ အနမ်းပေးလိုက်သည်

ကျတော်လုပ်နိုင်တာဒါပဲရှိတာကိုး

တကယ်ဆိုအရမ်းမဆော့သင့်ဘူး

He is my daddy(Z AND U)CompletedWhere stories live. Discover now