အခန်း ၅၄ - သူခိုးလက်က သူ၀ှက်လုသည်။

2.4K 256 6
                                    

ငှက်ငယ်ကလေးများ၏ အစာရှာရင်း တွန်မြည်နေသံများ၊ ဈေးသည်တို့၏ တကြော်ကြော်အော်ခေါ်သံတို့နှင့်အတူ ရှောင်းကျန့်တစ်ယောက် အိပ်ရာနိုးလာခဲ့သည်။

ပြတင်းတံခါးကို တွန်းဖွင့်လိုက်တော့ နားခိုနေသောစာကလေးတစ်အုပ်က အလန့်တကြားဖြင့် ဝေါခနဲပျံထွက်သွားသည်။

ရှောင်းကျန့်ယူထားသောအခန်းက ဒုတိယထပ်မှာမို့ မြို့တော်မြင်ကွင်းကို အပေါ်စီးမှမြင်နေရသည်။ အစားအသောက်ရောင်းချရာ ဆိုင်တန်းမှာတော့ မီးခိုးငွေ့တို့က မိုးကောင်းကင်ထက် တလူလူတက်နေလေပြီ။

ခေတ္တမျှအညောင်းအညာဆန့်ပြီးနောက် သူ့ကိုယ်သူ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်သည်။ ဆံပင်ကိုသပ်ရပ်အောင် ဖြီးသင်လိုက်ပြီး အ၀တ်လည်းလဲလိုက်သည်။

မျက်နှာဖုံးလေးကိုတော့ ရင်ဘတ်အတွင်း သိမ်းဆည်းလိုက်သည်။ ငွေအိတ်ထဲမှ လက်ကျန်ဒင်္ဂါးတို့ကိုရေတွက်ကြည့်တော့ အတော်လေးလောက်လောက်ငင ရှိသေးသည်။

သူခရီးထွက်မည်ဆိုတော့ ဆရာတော်က စုဆောင်းထားသည်များကို ထည့်ပေးလိုက်ခြင်းပင်။ စုဆောင်းထားသည်ဆိုတာကလည်း တခြားမဟုတ်။

ဆေးစွမ်းသောဘုန်းတော်ကြီးမို့ အနီးအနားရွာများက နေမကောင်းဖြစ်လျှင် ဆရာတော့်ဆီမှာ တောင်းပန်လျှောက်ထားကာကုသကြပြီး ပူဇော်ခအနေဖြင့် ကန်တော့ခဲ့ကြတာကြောင့်ပင်။

ဆရာတော်စွန့်ကြဲလိုက်သော ငွေများအပြင် အာမခံအဖွဲ့ကိုကူညီပေးခဲ့တာကြောင့် ရခဲ့သောငွေတွေလည်းပါသေးသည်လေ။ သည်လောက်ဆိုလျှင် သူလိုချင်သည့်ဓားတစ်ချောင်းလောက် ကောင်းကောင်းရွေးချယ်နိုင်ပါရဲ့။

တည်းခိုအိမ်အပြင်သို့ရောက်သည်နှင့် ဈေးတန်းအတွင်းရှိ အစားအသောက်များ၏မွှေးရနံ့က သူ့ဗိုက်ကိုဆာလောင်သွားစေသည်။

ထိုစဉ်မှာပင် သူ၏ခါးနေရာမှ ငွေအိတ်လေးဆွဲဖြုတ်ခံလိုက်ရသည်နှင့်အတူ ပြေးထွက်သွားသော ကောင်လေးတစ်ဦးကို ရိပ်ခနဲမြင်လိုက်ရသည်။

သူပိုင်ဆိုင်သမျှအားလုံးက ထိုအိတ်ကလေးထဲမှာသာရှိတာကြောင့် ရှောင်းကျန့်တစ်ယောက် ကောင်လေးနောက်သို့ အော်ဟစ်ကာပြေးလိုက်ရတော့သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now