နံနက်ခင်းနေရောင်က လောကတစ်ခွင်သို့ တောက်ပစွာ ဖြာကျနေသည်။ ရိပေါ်က နန်းဆောင်၏ ပြတင်းတံခါးဘေးတွင်ရပ်ကာ ဟိုးအေ၀းကိုငေးမောနေပြီး ခြေသုံးလှမ်းခန့်အကွာမှာတော့ ရှောင်းကျန့်ရှိနေသည်။
"ကိုယ်ရံတော်ရွေးချယ်ပွဲကို မင်းရောက်လာလိမ့်မယ်လို့ ဒီမင်းသားမထင်ထားခဲ့ဘူး ဘာလို့၀င်ပြိုင်ခဲ့တာလဲ"
"အရှင့်သားကို ကာကွယ်ပေးချင်လို့ပါ"
"ဒါပဲလား"
"ဟုတ်ကဲ့"
ရိုးရှင်းလွန်းသောဖြေသံအဆုံးမှာ မျက်၀န်းတစ်စုံက ဟိုးအေ၀းမိုးကောင်းကင်ကို ငေးမောနေရာမှ ရှောင်းကျန့်ထံသို့ရောက်ရှိလာသည်။
ထိုအခါသတိထားလိုက်မိသည်က ပျော်ရွှင်နေဟန်ရသည့် ရှောင်းကျန့်၏မျက်၀န်းတစ်စုံ။
"ဘာလို့နှစ်ကြိမ်တောင်မှ မင်းရဲ့အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့တာလဲ"
သိလိုစိတ်တို့ရောထွေးနေသော မေးသံအဆုံးမှာ ရုတ်တရက်ပင် ရှောင်းကျန့်၏မျက်၀န်းတို့က ဆွေးရိပ်သမ်းသွားရသည်။ ရိပေါ်မမြင်စေရန် ခေါင်းကိုငုံ့လိုက်သော်လည်း မမှီလိုက်ပါချေ။
"အမှန်အတိုင်း၀န်ခံရရင် အရှင့်သားက ကျွန်တော်မျိုး အရင်ကသိခ့ဲဖူးသူ တစ်ယောက်နဲ့ အရမ်းတူလို့ပါ"
ရိပေါ်အံ့သြသွားမိသည်။ အကြောင်းရင်းကသည်လောက်အထိ ရိုးရှင်းမည်ဟု မထင်ထားမိ။ ဒါမှမဟုတ် အဖြေကိုအမှန်အတိုင်းမပြောတာများလား။ ဘာကြောင့်များလဲ။
အကြောင်းရင်းက မည်သို့ပင်ဆိုစေ ရှောင်းကျန့်ထံတွင် သူ့အပေါ်မကောင်းကြံလိုစိတ်မရှိဘူးဆိုတာကိုတော့ သူ၏စိတ်နှလုံးသားထဲမှ အပြည့်အ၀ယုံကြည်နေသည်။
ထို့ကြောင့် ခေါင်းငုံ့ကာရပ်နေသော ရှောင်းကျန့်ကို တစ်ချက်မျှကြည့်ပြီးနောက် ဓားများထားရာစင်ဘက်သို့ လျှောက်သွားလိုက်သည်။
စင်ပေါ်မှာတော့ သူကိုင်နေကျဓားရယ်၊ အစ်ကိုတော်ရဲ့ လက်စွဲတော်ဓားရယ်အပြင် အခြားဓားများကလည်း စနစ်တကျ အစီအရီရှိနေသည်။
ВЫ ЧИТАЕТЕ
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Фанфикшн*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)