Ep.1

14.1K 378 8
                                    

My Secretary is My Crush
~~~

Unicode

"မြန်မြန်လာ baby, mommyတို့ နောက်ကျ
လိမ့်မယ်"

"Mommyyy!!"

"အိုး.."

လှေကားနှစ်ထစ်အလိုမှာ ခုန်ဆင်းဖို့လုပ်လိုက်တဲ့ ကလေးကို Wendy ဆီးဖမ်းကာ ပွေ့ချီလိုက်သည်။

"အဲ့လိုမလုပ်ဖို့ Mommyပြောထားတာလား
မပြောထားဘူးလား baby?"

"Sorry mommy"

ကလေးကပြောပြီး သူမရင်ခွင်ထဲကို ခေါင်းဖြင့် တိုးခွေ့
လိုက်သည်။

"Bad girl"

"No Mommy! Yerimက လိမ္မာပါတယ်"

"Ok..နောက်တစ်ခါ အဲ့လိုထပ်မလုပ်နဲ့နော်"

"Yes mommy"

"Good girl"

ကလေးကို ကားထဲဝင်ခိုင်းလိုက်ပြီး သူမလည်း မောင်းသူဘက်မှာ ဝင်ထိုင်ကာ သူမရဲ့BMW မီးခိုးရောင်ကားလေးကို ခြံဝန်းထဲမှ အပြင်သိ့ု
မောင်းထွက်လာခဲ့သည်။

"Mommy ဒီနေ့Yerimကို လာကြိုမယ်မလား?"

"အင်းလေ..ဘာလို့လဲ?"

"ဟိုအတွင်းရေးမှူးဦးလေးကြီးကို Yerim မကြိုက်
ပါဘူး"

"ဘာလို့လဲ? အဲ့ဦးလေးကြီးက မကောင်းဘူးလား?"

"အဲ့လိုမဟုတ်ဘူးMommy။ မနေ့က ကျောင်းမှာ
Saeronieက ပြောတယ်။ အဲ့ဦးလေးကြီးက အရပ်
အရမ်းရှည်လွန်းတယ်တဲ့"

"ဟမ်...အရပ်ရှည်လို့?"

"Yerimက သေးသေးလေးဆိုတော့ အဲ့အရပ်ရှည်
ရှည်ဦးလေးကြီးက အနားမှာလာရပ်တော့ ပိုသေးသွား
တာပေါ့ ဆိုပြီးစနေတာ"

Yerimတစ်ယောက် နှာခေါင်းရှုံ့ရင်း တိုင်နေတော့
သူမဟက်ဟက်ပက်ပက်ရယ်လိုက်ကာ

"အင်းပါအင်းပါ..သူ့ကို နောက်မကြိုခိုင်းတော့ဘူး
ဟုတ်ပြီလား"

"Ok Mommy"

*************

"Grrrr...ဒီနေ့မှကားတွေက တော်တော်လာပိတ်
နေတာပဲ"

အလုပ်လျှောက်လွှာတင်ရမယ့်နေ့မှ ကားတွေလာပိတ်
နေတာကြောင့် Irene တစ်ယောက် စိတ်တွေတိုနေ
သော်လည်း ကြာကြာစိတ်တိုချိန်မရှိပဲ အချိန်မှီလျှောက်
လွှာတင်ဖို့ ပြေးရပြန်သည်။

My Secretary is My Crush [Completed]Where stories live. Discover now