My Secretary is My Crush
~~~Unicode
"Yerim-ah ညစာဘာစားချင်လဲ?"
Joyက Yerimကို ဆိုဖာမှာ ထိုင်စေရင်း မေးလိုက်တော့ Yerimက အတန်ကြာ စဥ်းစားလျက်
"Yerimက ခေါက်ဆွဲပြုတ် စားချင်တာ"
"မရဘူး"
အနောက်က ရပ်နေတဲ့ Seulgiက ဝင်ပြောပြီး Yerim ဘေးနားဝင်ထိုင်ကာ
"Yerimရဲ့Mommyက Yerimကို အဲ့ဒါတွေ စားခွင့်မပြုထားဘူးလေ။ အဲ့ဒါတွေက Yerimကို နေမကောင်းဖြစ်စေတယ်"
"ကျောင်းက သူငယ်ချင်းတွေအကုန် ခေါက်ဆွဲပြုတ် စားဖူးတယ်တဲ့။ Yerimတစ်ယောက်ပဲ မစားဖူးတာ။
သူတို့ကျတော့ ဘာလို့နေမကောင်းဖြစ်တာလဲ?""သူတို့က လျှောက်ပြောနေတာ။ အသင့်စား ခေါက်ဆွဲပြုတ်တွေက လုံးဝမကောင်းဘူး"
"Yerimကို အသင့်စားခေါက်ဆွဲပြုတ် တစ်ခါမှ မစားခိုင်းဘူးပေါ့?"
Joyဝင်ပြောတော့ Seulgiသက်ပြင်းချကာ
"တစ်ခါမှမကျွေးဖူးဘူး။ Wendyက အရင်ကတည်းက Yerimကို အဲ့ဒါတွေ မစားဖို့ တင်းတင်းကြပ်ကြပ် ပြောထားတာ။ နည်းနည်းလေးတောင် မဖြစ်ဘူး"
Seulgiအပြောကြောင့် Joyလည်း ထပ်မပြောတော့ပဲ
"အဲ့ဒါတွေအစား ဆရာမက အရသာရှိတဲ့ ဂျုံခေါက်ဆွဲ လုပ်ပေးမယ်လေ"
Yerimက ခဏစဥ်းစားလိုက်ပြီး "အဲ့မှာ အသားတွေရော ပါမှာလား?"
"ပါမှာပေါ့။ အသားတွေရော ကြက်ဥတွေရောနဲ့ပေါ့"
"အဲ့ဒါက Yerimကို နေမကောင်းဖြစ်စေမှာလား?
Yerimက ခေါက်ဆွဲ အရမ်းစားချင်ပေမယ့် Yerim နေမကောင်းဖြစ်ရင် Mommy ဝမ်းနည်းမှာ""မဖြစ်ပါဘူးကွယ်။ အသင့်စားခေါက်ဆွဲပြုတ်တွေကပဲ နေမကောင်းဖြစ်စေတာ"
"ဟုတ်...ဒါဆို ဂျုံခေါက်ဆွဲစားမယ်"
"အိုခေ...ဒါဆို ကာတွန်းကား ကြည့်ရင်း စောင့်နေနော်"
"ဟုတ်"
အတော်လေး ညှိနှိုင်းပြီး ညစာကို ဂျုံခေါက်ဆွဲပြုတ် အဖြစ် သတ်မှတ်နိုင်ခဲ့ပြီးနောက် Joyလည်း အဝတ်အစားလဲကာ မီးဖိုချောင် ဝင်ခဲ့သည်။
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗