Ep.6

3.4K 266 0
                                    

My Secretary is My Crush
~~~

Unicode

"Mommy ဒီမှာကြည့် ယုန်လေးဖြစ်သွားပြီ"

Wendy တစ်ယောက် microwave ထဲကို
ပုံစံဖော်ထားတဲ့ ဂျုံတွေကိုထည့်နေတုန်း counter
မှာထိုင်ရင်း ဂျုံတွေနဲ့ဆော့နေတဲ့ Yerimကို ကြည့်ပြီး ရယ်လိုက်သည်။

"ဟားဟား...ယုန်ရဲ့နားရွက်တစ်ဖက်က ဘယ်ရောက်
သွားတာလဲ Baby?"

Wendy ပြောတော့မှ Yerimလည်း သူ့ယုန်ကို
ပြန်ကြည့်လိုက်ပြီး နားရွက်တစ်ဖက်လိုနေမှန်းသိတော့
ရှက်ပြီးရယ်ကာ ဂျုံတွေပေနေတဲ့လက်နဲ့ မျက်နှာကို ကာလိုက်သည်။

"Yerim မေ့ကျန်ခဲ့တာ Mommy ဟီးဟီး"

တင်းတောင်..တင်းတောင်

"ဘယ်သူပါလဲ?"

Yerimက သူ့ရဲ့အသံဆာဆာလေးနဲ့ အော်ကာ
Counterပေါ်က ဆင်းပြီး အိမ်ရှေ့တံခါးဆီ ပြေးသွားသည်။

"Baechu Unnie!!"

တံခါးဖွင့်လိုက်တာနဲ့ Irene ကို မြင်လိုက်ရတော့
Yerim ပျော်သွားကာ ဖက်လိုက်သည်။

"Annyeon Yerim-ah"

Irene ရယ်ကာ သူ့ကိုလာဖက်တဲ့ Yerimကို ပွေ့ချီသည်။

"မျက်နှာမှာ ဘာတွေပေနေတာလဲ ကလေးလေး?"

"Yerimတို့ ပေါင်မုန့်ဖုတ်နေကြတာလေ"

"အိုး မနက်စောစော ပေါင်မုန့်ဖုတ်တယ်"

သူမ Yerimကို ချီကာ Yerim မျက်နှာပေါ်က ဂျုံတွေကို သူမရဲ့အင်္ကျီလက်ဖြင့်သုတ်ပေးရင်း မီးဖိုခန်းထဲကို ဝင်လာသည်။

မီးဖိုခန်းထဲမှာ ညဝတ်အဖြူအမည်းအင်္ကျီအကွက် ဝမ်းဆက်နဲ့ Wendy ကိုတွေ့တော့ ခဏကြောင်သွားပြီးနောက် ကလေးကို ခုံပေါ်မှာ ပြန်တင်ပေးလိုက်ကာ Wendyကို ခေါင်းငုံ့နှုတ်ဆက်လိုက်သည်။

"ကျွန်မရောက်ပါပြီ Ms.Shon"

အလုပ်မှာဆို အမြဲဆံပင်ကို ခပ်မြှောက်မြှောက် စီးထားတတ်တဲ့ Irene တစ်ယောက် ဒီနေ့တော့ ဆံပင်ကို
မစီးထားပဲ ရှေ့ဆံမြိတ်ကိုလည်း ချထားသည်။

ဂျင်းဘောင်းဘီအရှည်နဲ့ စပို့ရှပ်အဖြူကို ဝတ်ထားပြီး
ဘေးအိတ်အသေးလေးလွယ်ထားကြောင့် ရိုးရိုးလေးနဲ့ ကြည့်ကောင်းနေပြီး Wendyမျက်လုံးထဲမှာလည်း
အမြင်ဆန်းနေသည်။

My Secretary is My Crush [Completed]Where stories live. Discover now