My Secretary is My Crush
~~~Unicode
နှင်းတွေဖုံးလွှမ်းနေတဲ့ လမ်းကျဉ်းလေးမှာ ကားဆက်
မောင်းလို့ မရတော့တာကြောင့် ကားပေါ်ကမိန်းကလေး
ကားတံခါးဖွင့်ကာ အောက်ကိုဆင်းလာသည်။အပူချိန်က ရေခဲမှတ်ထိ ရောက်နေပြီမို့ ပတ်ဝန်းကျင်မှာ
နှင်းမြူများဖြင့် မှုန်မိုင်းနေသည်။ ရာသီဥတုက ဒီလိုမျိုး
ဆိုးရွားနေမယ်ဆိုတာသာ သူမကြိုသိထားရင် NYက
ပြန်ရောက်ရောက်ချင်း အရဲစွန့်ပြီး Daeguကို ကားမောင်းပြီး လိုက်လာမှာ မဟုတ်ပေ။ဒီနေ့က နှင်းမုန်တိုင်းရှိတာကြောင့် လမ်းပေါ်မှာ လူတစ်ယောက်မှ မတွေ့ရပဲ အိမ်များမှာလည်း ခြံကျယ်ကြီးတွေဖြစ်ပြီး တံခါးပိတ်တွေလည်း ပိတ်ထားသေးသည်။ အိမ်လိပ်စာကိုလည်း အတိအကျမသိပဲ ရောက်လာပြီးမှ မေးစရာလူလည်း မတွေ့တာကြောင့် သူမအခက်တွေ့နေစဉ် သူမကားရပ်ထားတဲ့ ခြံဝန်းထဲက အမျိုးသမီးကြီး တစ်ယောက် ထွက်လာသည်။
"မိန်းကလေးက ဘယ်သူလဲကွယ့်?"
ထိုအမျိုးသမီးကြီးက သူမကို မတွေ့ဖူးတာကြောင့်
အထူးအဆန်းဖြစ်ကာ မေးလာသည်။"အဒေါ်ကြီး...Irene Bae ဆိုတဲ့ မိန်းကလေးကို သိလားရှင့်?"
"Irene Bae လို့တော့ မကြားဖူးပါဘူးကွယ်။ ဒီမှာ ဒီလိုEnglishနာမည်နဲ့ သူမရှိပါဘူး။ ဒါပေမယ့် Bae မျိုးရိုးတော့ရှိတယ်။ ဒီအနီးအနားမှာ တစ်ခုတည်းသော
Bae မျိုးရိုးပဲ""ဟုတ်လား? ကျွန်မကို တစ်ချက်လောက် သူတို့နေတဲ့
နေရာကိုပြောပြပါ""ဒီလမ်းလေးအတိုင်း တည့်တည့်ကြီး သွားလိုက်ရင်
လမ်းဆုံးမှာ ခြံကျယ်ကြီးတွေ့လိမ့်မယ်။ အဲ့ဒီခြံကျယ်
ကြီးက ဥက္ကဋ္ဌBae ရဲ့ ခြံပဲ""အာ...ဟုတ်ကဲ့။ ကျေးဇူးပါပဲ အဒေါ်ကြီး။ ဒါနဲ့ကားက
ဆက်မောင်းလို့မရတော့လို့ ဒီမှာထားခဲ့ရင် အဆင်ပြေ
ပါ့မလား?""ရပါတယ်ကွယ်။ ရာသီဥတုသာယာမှ ဟိုဘက်လမ်း
ကျယ်ကနေ ကားကိုတစ်ယောက်ယောက်နဲ့ လာယူ
ခိုင်းလိုက်လေ။ အဒေါ်ကြီးတို့ ကြည့်ပေးထားလို့ရတယ်"
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗