My Secretary is My Crush
~~~Unicode
သူမတို့ နှင်းတွေထဲမှာ အကြာကြီး ဆော့ပြီးနောက်
၁၂နာရီ ထိုးခါနီးမှာ နေ့လယ်စာစားဖို့ အထဲမှာရှိတဲ့
စားသောက်ဆိုင်တစ်ခုကို သွားလိုက်သည်။"Mommy~ Yerim ရှူးရှူးပေါက်ချင်တယ်"
"Mommyလိုက်ပို့ပေးမယ်။ ငါတို့သန့်စင်ခန်း
သွားလိုက်ဦးမယ် Seul~ နင်တို့အရင်ဝင်နှင့်""သွား..သွား"
စားသောက်ဆိုင်ထဲရောက်တော့ သူမတို့ သုံးယောက်
စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်ကြသည်။"Unnie တို့ ခဏနော်။ ဖုန်းလာလို့"
Joyက အပြင်ထွက်ပြီး ဖုန်းပြောဖို့လုပ်တော့ သူမတို့
ခေါင်းညိမ့်ပြလိုက်သည်။ Irene လည်း Seulgiနဲ့
နှစ်ယောက်တည်း ကျန်ခဲ့တော့ သူမ မေးချင်သည့်
ကိစ္စတစ်ခုကို မေးဖို့စဉ်းစားလိုက်သည်။"Seulgi-shi"
"ပြောလေ...အတွင်းရေးမှူးBae"
"မေးချင်တာလေးရှိလို့။ Ms.Shon နဲ့ ပတ်သတ်ပြီး"
"Wendyနဲ့ ပတ်သတ်ပြီး?"
"ဟုတ်ကဲ့...အတွင်းရေးမှူးLee ကို မေးဖို့ စဉ်းစား
ထားပေမယ့် Seulgi-shi ကို မေးတာ ပိုကောင်း
မယ်ထင်လို့"Wendyအကြောင်းဆိုတော့ သူမလည်းနည်းနည်း
အင်တင်တင်ဖြစ်သွားသည်။ Wendyက သူမရဲ့
နောက်ကြောင်းတွေကို ပြောတာမျိုး သဘောမကျ
တတ်ဘူးလေ။"Ms.Shonက သူ့အတွင်းရေးကို မပြောစေချင်မှန်း
ကျွန်မသိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ဖြစ်ခဲ့
တာနဲ့ ပတ်သတ်ပြီး ကျွန်မမှာ မေးစရာရှိနေတယ်"
"အဲ့ဒါတော့ တို့နားလည်ပါတယ်။ အတွင်းရေးမှူးBae
သိချင်တာ မဆန်းပါဘူး။ Wendyကတော့ ထုတ်
ပြောမှာ မဟုတ်လို့ မေးချင်တာရှိရင် တို့ကိုမေးပါ""အဲ့နေ့က လွန်ခဲ့တဲ့၆နှစ်က လေယာဉ်ပျက်ကျခဲ့တဲ့
အကြောင်း TVမှာ လာနေခဲ့တာ။ အဲ့လေယာဉ်
ပျက်ကျခဲ့တဲ့ထဲမှာ Ms.Shonနဲ့ ပတ်သတ်တဲ့
သူများ ပါနေခဲ့လို့လား?"
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗