Ep.16

3K 233 0
                                    

My Secretary is My Crush
~~~

Unicode

"ခေါ်လာပြီလား"

Wendyရဲ့အဒေါ်က Irene ကို မြင်တော့ နှစ်လိုဖွယ်ပြုံးရင်း ပြောသည်။

"မင်္ဂလာပါရှင့် ကောင်းကောင်းအိပ်ပျော်ပါရဲ့လား"

"Yerimတို့ Unnie ကိုခေါ်လာပြီ ကြည့်
ဘွားဘွား"

"Aigoo ငါတို့ရဲ့Yerimလေးက Unnie
လာတော့ အဲ့လောက်ပျော်လား?"

"ဟုတ်"

"ကဲ Wendyရေ ကလေးနဲ့ ဆေးရုံသွားရဦးမယ်
မလား"

"ဟုတ်တယ်ဒေါ်လေး။ အခုသွားတော့မလို့"

"ဆေးရုံသွားမယ်? Yerimက နေမကောင်းဘူးလား?"

"နေမကောင်းလို့ မဟုတ်ပါဘူး။ ပုံမှန်ပြရတာမို့လို့လေ။
စိတ်မပူပါနဲ့။ ဒါနဲ့ အတွင်းရေးမှူးBae ခဏလောက်
တို့အခန်းကို လိုက်ခဲ့ပါ"

Irene ခဏတော့ကြောင်သွားပြီး Wendyရဲ့
နောက်ကနေ လိုက်သွားလိုက်သည်။

အခန်းထဲရောက်တော့ Wendyက သူမရဲ့အံဆွဲ
ထဲကနေ အနီရောင် အထုပ်တစ်ထုပ်ကို ယူပြီးထိပ်နား
ကို ကပ်ကြေးနဲ့ ညှပ်လိုက်သည်။

"သောက်လိုက်ပါ။ တိုင်းရင်းဆေးမို့ ဘေးထွက်ဆိုးကျိုး
မရှိပဲ မူးဝေနေတာကို သက်သာစေလိမ့်မယ်"

Irene မယူသေးတာကြောင့် လက်ထဲထိ ထည့်ပေး
လိုက်ပြီး ပါးစပ်နားတိုးပေးလိုက်မှ သတိဝင်လာသည့်
ပုံနဲ့ Irene တစ်ကျိုက်တည်း မော့ချလိုက်သည်။

"ကျေး...ကျေးဇူးပါပဲ Ms.Shon"

"အခုနေလို့ကောင်းသွားလိမ့်မယ်" Wendyလည်း
ထုံးစံအတိုင်း ချိုသာစွာ ပြုံးရင်းပြောသည်။
.
.
.
.
.
.
"သွားရအောင် baby"

"Yerimကို စောင့်နေနော် Unnie~ ခဏသွားပြီး Yerimတို့ ပြန်လာခဲ့မှာ"

"ကောင်းပါပြီရှင်"

"ထိုင်လေ အတွင်းရေးမှူးBae~ လက်ဖက်ရည် ကြိုက်လား?"

"ဟုတ်ကဲ့ ကျွန်မဘာလုပ်ပေးရဦးမလဲ?"

"ဧည့်သည်က ထိုင်နေရမှာပေါ့ ကလေးရဲ့"

ဒေါ်လေးက ချိုသာသော အသံနဲ့ပြောပြီး မီးဖိုခန်းထဲ
ဝင်သွားပြီး ခဏအကြာမှာ လက်ဖက်ရည်ခွက် နှစ်ခွက်ကို ဗန်းထဲထည့်ယူလာသည်။ တစ်ခွက်ကို သူမရှေ့ချပေးပြီး ကျန်တစ်ခွက်ကို ကိုင်ရင်း ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။

My Secretary is My Crush [Completed]Where stories live. Discover now