My Secretary is My Crush
~~~Unicode
အတွင်းရေးမှူးLee ရုံးခန်းထဲကထွက်အလာမှာ ရေနွေးဗန်း ကိုင်လျက် လာနေတဲ့ Ireneကို တွေ့လိုက်သည်။
"ဘာလုပ်မလို့လဲ အတွင်းရေမှူးBae?"
"အာ..Ms.Shon အတွက် Lemon tea
ဖျော်လာတာပါ။ Note စာအုပ်ထဲမှာ Ms.Shonက ဒီအချိန်ဆို ဒါကိုသောက်တတ်တယ်လို့ ရေးထားလို့""ဪ ဟုတ်တယ်။ အတော်ပဲ။ Ms.Shonက
အတွင်းရေးမှူးBae ကို ခေါ်နေတယ်""ဟုတ်ကဲ့"
Ireneလည်း အတွင်းရေးမှူးLeeကို ခေါင်းငုံ့လိုက်ပြီး
ရုံးခန်းထဲဝင်လာခဲ့သည်။"Ms.Shon"
"လာပြီလား အတွင်းရေးမှူးBae"
Irene ကိုင်လာတဲ့ဗန်းကို Wendyရှေ့မှာ ချပေးလိုက်ကာ
"ကျွန်မကို ဘာခိုင်းစရာရှိလို့ပါလဲ Ms.Shon?"
"ဒီနေ့လယ်အစည်းအဝေးကို ညနေရွေ့လိုက်တာ မင်း
သိပြီးပြီ မဟုတ်လား""ဟုတ်ကဲ့ ခုနကပဲ အတွင်းရေးမှူးLee ပြောပါတယ်"
"အင်း အဲ့ဒါကြောင့် တို့ဒီနေ့Yerimရဲ့ မူကြိုကိုသွား
ကြိုနိုင်မှာမဟုတ်ဘူး။ မင်းသွားကြိုပေးရမယ်""ဟုတ်ကဲ့ပါ Ms.Shon"
"မဟုတ်လည်း ဒီအစည်းအဝေးအကြောင်းကိုမင်းသိမှာ မဟုတ်သေးဘူးဆိုတော့ ပြန်မလာပဲ ကလေးကို ခေါ်ပြီး အိမ်မှာ တို့ပြန်လာတာကိုသာ စောင့်နေပေးပါ။ အိမ်မှာ အဒေါ်ကြီးရှိတာမို့ Yerimဗိုက်ဆာတယ်ဆိုရင် တစ်ခုခု
ကျွေးပြီး ခဏထိန်းထားပေးလို့ ရတယ်မလား?""ရပါတယ် Ms.Shon"
"အမြဲ တို့ကြိုနေကျမို့ Yerimက သူများလာကြိုရင်
မကြိုက်ဘူး။ တို့မကြာခင် ပြန်လာမှာဆိုတဲ့ အကြောင်း လေး သေချာပြောထားပေးပါနော်။ သူရေချိုးချင်တယ် ဆိုရင်လည်း တစ်ယောက်တည်း မချိုးခိုင်းလိုက်နဲ့။ ရေချိုးကြာရင် ဖျားတတ်လို့""ဟုတ်ကဲ့ပါ Ms.Shon...စိတ်မပူပါနဲ့။ ကျွန်မ
အဆင်ပြေအောင် လုပ်လိုက်ပါ့မယ်""ကောင်းပြီလေ။ နောက်ရက်တွေကျရင်တော့ မင်းလည်း အစည်းအဝေးတွေ လိုက်တတ်ရမှာမို့ အတွင်းရေးမှူးLee ဆီက သိသင့်တာတွေ သေချာမေးထားပါ"
ESTÁS LEYENDO
My Secretary is My Crush [Completed]
Fanficကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗