Ep.44 (Final)

7.1K 377 37
                                    

My Secretary is My Crush
~~~

Unicode

"Mommyနဲ့ တီတီလေးကို ပျော်ရွှင်စရာဒိတ်လေး ဖြစ်ပါစေလို့ ပြောလိုက်ဦးလေ Yerim-ah" Mrs.Baeက Yerimကို ချီထားလျက် ကားနားမှာ ရပ်နေတဲ့ Wendyတို့ကို ကြည့်ပြီး ပြောလိုက်သည်။

"ပျော်ရွှင်စရာဒိတ်လေးဖြစ်ပါစေ။ Yerimအတွက် မုန့်ဝယ်လာဖို့ မမေ့နဲ့နော်"

Ireneက ရယ်လျက် Yerimရဲ့ ခေါင်းလေးကို သပ်လိုက်ပြီး "Aigoo လိမ္မာလိုက်တာ။ တီတီလေးတို့ ပြန်လာရင် Yerimအတွက် မုန့်တွေ အများကြီး ဝယ်လာမယ်နော်"

"ဘိုးဘိုး ဘွားဘွားတို့နဲ့ ပျော်ပျော်နေခဲ့နော် baby"

"ဟုတ်"

Yerimက နာနာခံခံဖြင့် သူ့အဘွားလက်ထဲကနေ သူမတို့ ကားပေါ်တက်သွားသည့်တိုင် တာ့တာလုပ်နေသည်။

"Yerimက တကယ် လိုက်ချင်တယ်လို့ ဂျီမကျဘူးပဲ" Wendy တအံ့တဩ ပြောသည်။

"မေမေတို့က ဘယ်လို ချော့ပြောထားလဲမှ မသိတာ"

"ကဲ ငါ့ရဲ့ရည်းစားလေးနဲ့ ပျော်စရာဒိတ်လေးကို အခုပဲ စတင်ပါတော့မယ်" Wendyက ရွတ်နောက်နောက် လုပ်တော့ Irene တစ်ခစ်ခစ်ရယ်ရင်း လက်က နာရီကို ကြည့်ပြီး

"အရင်ဆုံး ရုပ်ရှင်သွားကြည့်ရအောင်။ ရုံမှာ မကြည့်ဖြစ်တာ တော်တော်ကြာပြီမို့ နည်းနည်းတောင် စိတ်လှုပ်ရှားတယ်"

"ငါရောပဲ။ ဒါဆို ရုပ်ရှင်ရုံကို ထွက်ခွာပါပြီ"

နှစ်ယောက်လုံးမှာ ရုပ်ရှင်ရုံမှာ မကြည့်ဖြစ်တာ နှစ်အနည်းငယ်ကြာနေပြီမို့ ပေါ့ပေါ့ပါးပါး ဖြစ်စေမည့် ဟာသကားကိုသာ ရွေးခဲ့သည်။ Ireneက တစ်လျှောက်လုံး Wendyရဲ့ လက်ကို မလွတ်တမ်း ကိုင်ထားပြီး ဘေးကနေ ရုပ်ရှင်မကြည့်ပဲ လူကို ထိုင်ကြည့်နေတော့ Wendyတဖြည်းဖြည်း မျက်နှာပူလာသည်။

"အခုထိ ငါတို့က တွဲနေကြတယ်ဆိုတာကို မယုံနိုင်သေးဘူးလား?" Wendyက ပြုံးလျက် Ireneကို ကြည့်လိုက်သည်။

"အင်း။ နင်က ငါ့ဘေးမှာ Yerimရဲ့ အမေအနေနဲ့ မဟုတ်ပဲ ငါ့မိန်းကလေးအနေနဲ့ ရှိနေပြီဆိုတာကြီးက တကယ် မယုံနိုင်စရာလေ။ ငါအိမ်မက်မက်နေတယ်လို့တောင် တစ်ချက်ချက် ထင်မိသေးတယ်"

My Secretary is My Crush [Completed]Where stories live. Discover now