My Secretary is My Crush
~~~Unicode
"ဒီညသွားရမယ်ဆိုတော့ ကလေးကို ခေါ်သွားမှာလား
Ms.Shon?""အလည်အပတ် မဟုတ်ပဲ နာရေးဆိုတော့ မခေါ်သွား
ချင်ဘူး အတွင်းရေးမှူးBae ရယ်။ Christmas
လည်းဖြစ်နေတော့။ ဒေါ်လေးကို လာခိုင်းမယ်ဆိုရင်
လည်း အချိန်မမှီဘူး။ Seulgiနဲ့ ထားခဲ့ရအောင်က
လည်း ဒင်းက Christmasမှာ ကလေးနဲ့ အချိန်
ဖြုန်းချင်မှာမဟုတ်ဘူး။ အတွင်းရေးမှူးBaeကလည်း
မနက်ဖြန်မနက် နယ်ပြန်မှာဆိုတော့""မသွားလို့ မဖြစ်ဘူးလား?"
"မဖြစ်ဘူး။ ဆုံးသွားတဲ့သူက တို့ကုန်တိုက်ကို စပြီး
တာဝန်ယူကတည်းက လက်တွဲခဲ့ကြတာ။ သူ့ဇနီးနဲ့
လည်း ရင်းနှီးနေပြီ။ သူတို့ဇနီးမောင်နံှက ဆွေမျိုး
မရှိလို့ တို့ သွားပေးမှရမှာ။ သွားတာကလည်း နာရေး
ပြီးတာနဲ့ ချက်ချင်းပြန်လာလို့ မကောင်းဘူး။ ရှေ့
ဆက်ပြီး သူ့ဇနီးနဲ့ လုပ်ငန်းကိစ္စတွေလည်း ပြောရမှာ။
အကူအညီအများကြီးပေးခဲ့တဲ့ သူတွေမို့ ဒီလိုအချိန်မှာ
တို့ဘက်ကလည်း တက်နိုင်သလောက် ပြန်ကူညီ
ရမယ်လေ""ဒါတော့လည်း ဟုတ်ပါတယ်။ အတွင်းရေးမှူးLee
ကရော လိုက်ဖို့အဆင်ပြေရဲ့လား?""အင်း...သူက ပွဲတော်ရက်တွေတောင် အလုပ်လုပ်
တဲ့သူလေ။ သူ့ကောင်မလေးနဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားနေတာ""Ms.Shon...ကလေးကို ကျွန်မနဲ့အတူ အိမ်ကို
ထည့်လိုက်ပါလား?""အတွင်းရေးမှူးBaeတို့အိမ်?"
"ဒီမှာထားခဲ့လို့လည်း မဖြစ်ဘူးလေ။ Christmas
မှာ ကလေးက အမေနဲ့အတူ မနေရရင်တောင် ရင်းနှီး
တဲ့ သူနဲ့ဆို အဆင်ပြေမှာပါ။ ကျွန်မလည်း မပြန်ပဲ
နေပေးချင်ပေမယ့် လာမယ်လို့ ပြောထားပြီးသားမို့
ကတိမဖျက်ချင်လို့ပါ""ရုတ်တရက် ဒီလိုကိစ္စတွေ ဖြစ်လာတာကိုပဲ အပြစ်
တင်ရမှာပေါ့။ အတွင်းရေးမှူးBae နဲ့ဆိုရင်တော့
တို့ကစိတ်ချပါတယ်။ ဒါပေမယ့် Yerimရဲ့ဆန္ဒကို
မေးကြည့်တာ ပိုကောင်းမယ်။ အတွင်းရေးမှူးBae
နဲ့လိုက်တာဖြစ်ဖြစ် Seulgiနဲ့ Canadaကို ပို့တာ
ဖြစ်ဖြစ်ပေါ့"
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗