Ep.38

3.7K 286 33
                                    

My Secretary is My Crush
~~~

Unicode

"Ms.Shon ရောက်လာပြီလား"

"ဆရာမPark ~ Irene ရောက်နေတယ်ဆို?"

"Unnie က ရောက်လာကတည်းက ငိုနေတာ။ ဒီကိစ္စမှာ Unnie အမှားလည်း ပါတယ်ဆိုပေမယ့် အခု အရမ်းဝမ်းနည်းနေတာမို့ Unnie ကို နားလည်ပေးပါ"

"စိတ်မပူပါနဲ့ ဆရာမPark~"

Wendy အနည်းငယ်ပြုံးလျက် ပြောလိုက်ပြီး Irene အခန်းကို လာခဲ့လိုက်သည်။ သူမ အခန်းတံခါးကို ခေါက်လိုက်ပြီး "Ju Hyun? ငါဝင်လာခဲ့မယ်နော်"

သူမပြောလိုက်ပြီး တံခါးဖွင့် ဝင်လာတော့ Irene က ကုတင်ပေါ်မှာ လှဲလျက် တစ်ဖက်ကို လှည့်ထားသည်။
သူမ ကုတင်နားကို တဖြည်းဖြည်း ကပ်သွားပြီး ကုတင်ပေါ်မှာ တင်ပါးလွှဲ ထိုင်လိုက်သည်။

"အိပ်နေလား?"

"နေ့လယ်က ငါစကားပြောတာ လွန်သွားမှန်း သိပါပြီ။ အဲ့အတွက် တောင်းပန်ပါတယ်။ အမှားက်ို သိလိို့ တောင်းပန်ပြီးပြီဆိုတော့ ငါ့ကို ခွင့်လွှတ်ပေးမလား?"

Irene က တုတ်တုတ်မျှမလှုပ်ပဲ တိတ်ဆိတ်နေသည်။
သူမ တင်ပါးလွှဲထိုင်နေရာက ဘေးကို​ပြန်လှည့်လိုက်ပြီး ကုတင်ပေါ်ကနေ ခြေထောက်နှစ်ဖက်က်ို ဖြည်းဖြည်းချင်း လွှဲရင်း ကြမ်းပြင်ကို ကြည့်ကာ

"ငါတို့နှစ်ယောက်လုံးက Yerimရဲ့ အဒေါ်တော်စပ်တယ် ဆိုပေမယ့် ငါ့အတွက်က မတူဘူးလေ။ ငါက Yerimကို မွေးပေးခဲ့တဲ့ အမေ,မဟုတ်ပေမယ့် ငါ့ဘဝတစ်ခုလုံးကို Yerimရဲ့ အမေအဖြစ် နေထိုင်သွားဖို့ ဆုံးဖြတ်ခဲ့တာ ကိုကိုတို့ လင်မယား ဆုံးကတည်းကပဲ။ အဲ့ဒီဆုံးဖြတ်ချက်ကို ချဖို့လည်း ငါ့အတွက် လွယ်ကူမနေခဲ့ပါဘူး။ အဲ့တုန်းက ငါ့အသက်က ၂၀ပဲရှိသေးတယ်။ Yerimကို မိဘမရှိတဲ့ ကလေးအဖြစ် မနေသွားစေချင်တဲ့ စိတ်နဲ့သာ ငါ့​ရဲ့ ငယ်ရွယ်မှုတွေကို စတေးပြီး ဒီလိုဆုံးဖြတ်ခဲ့တာ။   အရာအားလုံးကို ဆုံးရှုံးခဲ့ရတဲ့ ငါ့အဖို့ Yerimက အရာအားလုံးဖြစ်သလို ဘယ်လိုမှ အဆုံးအရှုံး မခံနိုင်တဲ့ ဖြစ်တည်မှုလေးလေ။ မိသားစုကို မကာကွယ်နိုင်ခဲ့သလို Yerimကို မကာကွယ်နိုင်မှာကိုလည်း အရမ်း ကြောက်မိတယ်။ အခုထိလည်း Yerimအပေါ် မိခင်တာဝန်ကျေရဲ့လားဆိုတာ မသိသေးဘူး"

My Secretary is My Crush [Completed]Where stories live. Discover now