Ep.40

3.4K 302 21
                                    

My Secretary is My Crush
~~~

Unicode

"အဲ့ဒီတော့ Rang-ah နင်တကယ်ပဲ ဆိုးလ်မြို့သားနဲ့ တွဲနေတာလား?"

မိုးမခပင်ကြီးအောက်မှာ ထိုင်နေကြတဲ့ မိန်းကလေး နှစ်ယောက်အနက်မှ ကျောင်းဝတ်စုံနဲ့ မိန်းကလေးက ဘေးမှာထိုင်နေတဲ့ အသက်ပိုကြီးတဲ့မိန်းကလေးကို နယ်သံဖြင့် အံ့ဩတကြီးပြောသည်။

"ဖေဖေ့အကြောင်းလည်း သိသားနဲ့။ နင်ဒီလို မြို့သားနဲ့ တွဲနေတာသိရင် ဘယ်လောက်သောင်းကျန်းလိမ့်မလဲ"

"ငါ ဖေဖေ့ကို မကြောက်ပါဘူး Hyunရယ်။ ငါ့ရွေးချယ်မှုအတွက် နောင်တမရဘူး"

"Rang-ah"

"ကဲပါ...မင်းရဲ့ ခဲအိုလောင်းပုံကိုပြမယ်"

မိန်းကလေးက ပြုံးလျက် ဖုန်းထဲမှ သူမနဲ့ ချစ်သူဖြစ်သူတို့ အတူတူတွဲရိုက်ထားတဲ့ ပုံတစ်ပုံက်ို Irene ကို ပြသည်။

"ကြည့်ကောင်းတယ်မလား?"

ထိုပုံထဲက အမျိုးသားက တော်တော်လေး ခန့်ညားချောမောတာကိုတော့ Irene ဝန်ခံပါသည်။ သို့ပေမယ့် သူမစိတ်ထဲ အစ်မဖြစ်သူရဲ့ အချစ်ရေးအတွက် စိုးရိမ်လို့သာနေသည်။ ပုံကိုကြည့်နေတဲ့ အစ်မဖြစ်သူကို ကြည့်ရသည်မှာ တကယ်ကို ပျော်ရွှင်နေတဲ့ ပုံစံကြောင့် သူမခေါင်းကို ဖြေးညင်းစွာ ရမ်းမိသည်။

"နင်တကယ်သူ့ကို ချစ်နေတာပဲ Rang"

"ဟုတ်တယ်။ ငါသူ့ကိုချစ်တယ်"

Irene သက်ပြင်းချတော့ အစ်မဖြစ်သူက သူမ ဆံပင်တွေကို ဖွသည်။

"စိတ်ပူမနေပါနဲ့။ ဒါက ညီမလေး စိတ်ပူစရာ မဟုတ်ပါဘူး။ ငါကဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်။ ဒီအစ်မကို ယုံတယ်မဟုတ်လား?"

"ဒါပေမယ့်..."

"သူက အရမ်းကောင်းတဲ့လူပါ။ ပညာတတ်လည်းဖြစ် ချမ်းလည်းချမ်းသာပေမယ့် သူရော သူ့မိသားစုရော အရမ်းဖော်ရွေပြီး စိတ်ထားကောင်းကြတယ်။ ငါဒီကို မလာခင်က သူ့ဆီက လက်ထပ်ခွင့်တောင်းတာ ခံခဲ့ရတယ်။ ဒီတစ်ခေါက် ပြန်လာတာ ဖေဖေတို့ကို ဒီအကြောင်း ပြောပြဖို့ပဲ"

My Secretary is My Crush [Completed]Where stories live. Discover now