Ep.28

3.4K 225 7
                                    

My Secretary is My Crush
~~~

Unicode

မျက်ရည်ဝဲနေတဲ့ အမေဖြစ်သူကို Irene ပွေ့ဖက်ပြီး
သည်နှင့် ဘေးမှာတောင့်တောင့်ကြီး ရပ်နေတဲ့ အဖေ ဖြစ်သူကို ဖက်လိုက်သည်။

"ဂရုစိုက်" Mr.Bae က ခပ်ဩဩအသံဖြင့် ဆိုလာသည်။

"ဟုတ်။ သမီးနောက်ထပ် ပိတ်ရက်ရှည်ရရင် ထပ်ပြီး
လာခဲ့ပါ့မယ်"

Mr.Bae က ခေါင်းညိမ့်သည်။

"ကျန်းမာရေး ဂရုစိုက်နော် Hyun-ah" Mrs.Baeက သူမရဲ့ဆံပင်လေးကို သပ်ကာ နူးညံ့စွာပြောသည်။

"မေမေတို့ရော ဂရုစိုက်ကြနော်။ သမီး မကြာခဏ
ဖုန်းဆက်မယ်"

Mr.Bae က Wendyရဲ့လက်ကို ဆွဲလျက် သူတို့ကို
ကြည့်နေတဲ့ Yerimကို လက်ယက်ခေါ်ကာ

"ဒီကိုလာပါဦး ကလေးရဲ့။ ဘိုးဘိုးတော့ လွမ်းနေမှာပဲ"

Yerimက Mr.Bae ကို သူမရဲ့လက်သေးသေးလေးတွေနဲ့ ဖက်လိုက်ပြီး

"Yerimနောက်တစ်ခါလာရင်လည်း ငါးလေးတွေ
အကြောင်းပြောပြဦးမယ် မဟုတ်လား ဘိုးဘိုး?"

"သေချာပေါက်ပေါ့"

"ကတိပေး"

Yerimက Mr.Bae နဲ့ လက်သန်းကတိလုပ်လိုက်တော့ ဘေးကလူများ သဘောတကျ ပြုံးမိကြသည်။
Mrs.Bae ကလည်း Yerimရဲ့ အနွေးထည်ကို
လုံအောင် သေချာပြန်ပြင်ပေးနေသည်။

*သွေးက စကားပြောတယ်ဆိုတာ...*

Wendyလည်း သူမရှေ့က မြေးအဘိုးနှစ်ယောက်ကို
ကြည့်ပြီး တွေးကာ အားနာစိတ်များ ဖြစ်မိသည်။

*အမှန်အတိုင်း မပြောနိုင်သေးလို့ ခွင့်လွှတ်ပေးပါ။
အချိန်တစ်ခုရောက်ရင် ဖွင့်ပြောနိုင်အောင် ကြိုးစား
ပါ့မယ်*

"နောက်လည်း လာလည်ပါဦးနော် Wendy-ah"

"သမီး အားရင် ကလေးနဲ့ ထပ်လာခဲ့ပါ့မယ် အန်တီ"

"အန်တီတို့ မျှော်နေပါ့မယ်ကွယ်"

"အချိန်မလင့်ခင် ပြန်ဖို့လုပ်ကြတော့"

ခြံထဲက အလုပ်သမားတွေက ကားနောက်ခန်းထဲမှာ
လက်ဆောင်ပေးလိုက်တဲ့ ပစ္စည်းတွေ ထည့်ပေးပြီး
တော့ သူမတို့ရဲ့ အပြန်ခရီးကို စတင်လိုက်သည်။

My Secretary is My Crush [Completed]Where stories live. Discover now