Ep.20

3K 220 0
                                    

My Secretary is My Crush
~~~

Unicode

"ညဖက်ကြီး ဘယ်သွားနေတာလဲ Sooyoung- ah?"

Irene အိမ်ပြန်ရောက်ရောက်ချင်း ညစာပြင်ဆင်
နေရင်း Joyအပြင်က ပြန်ရောက်လာတာတွေ့လို့
အထူးအဆန်းဖြစ်လျက် မေးလိုက်သည်။

"နေ့လယ်ကတည်းက Seulgi unnie က
အားရင် Cafe ကို လာခဲ့ပါလားဆိုလို့ သွားလိုက်
တာ။ ပြီးတော့လည်း အိမ်မှာနေရမှာ ပျင်းတာနဲ့ သူ့
တိုက်ခန်းကို အလည်လိုက်သွားတာ"

"အံမယ်...Seulgiတိုက်ခန်းကိုတောင် ရောက်ဖူး
သွားပြီပေါ့"

"အင်း...Unnie က ကောင်းတဲ့လူပါပဲ"

"နောက်ဆုံးတော့ လက်ခံပြီပေါ့။ အဝတ်အစားလဲပြီး
ညစာလာစားတော့"

"ဟုတ်"

Joy အဝတ်အစားလဲပြီး ညစာစားဖို့ ပြန်ထွက်လာ
တော့ Irene က စားပွဲမှာ ပြင်ဆင်ထားပြီး အဆင်
သင့်စောင့်နေသည်။

"Christmas ကျရင် အိမ်ပြန်မလို့"

"တကယ်လား? အဲ့လိုလုပ်တာ ကောင်းပါတယ်။
Unnie အိမ်မပြန်တာ ကြာပြီမလား"

"အင်း...ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချထားရတာ။
Hawaiiမှာ Ms.Shonပြောခဲ့သလိုပဲ မရှိတော့
မှ နောင်တရမနေချင်ဘူး"

"အင်း...ငါတို့တွေထဲမှာ Unnie နင်က ကံအများ
ကြီး ပိုကောင်းတဲ့သူပါ။ ပြန်စရာအိမ်ဆိုတာလည်းရှိပြီး
အဖေအမေ ခေါ်စရာလည်း ရှိတယ်"

"ငါ့အဖေနဲ့အမေကလည်း နင့်အဖေနဲ့အမေပါပဲ Sooyoungရယ်။ အဲ့လိုမပြောပါနဲ့"

"သိပါတယ်...ဦးလေးနဲ့ဒေါ်လေးနဲ့က ငါ့မိဘတွေလိုပဲ
ဆိုတာ"

"အဆင်ပြေရင်လိုက်ခဲ့ပါလား? မေမေက မနေ့က
ဖုန်းဆက်တော့ ခေါ်ခဲ့ဖို့ပြောနေတယ်"

"ဒီတစ်ခါတော့ မဖြစ်ဘူး။ Christmas မှာ
ကလေးတွေ ပျော်ပွဲရွှင်ပွဲတွေရှိလို့ အချိန်အများကြီး
မရဘူး"

"ဒါဆိုလည်း နွေရာသီကျ ထပ်သွားကြတာပေါ့"

"အင်းပါ...အဲ့အခါကျရင်တော့ ကျိန်းသေလိုက်ခဲ့
ပါ့မယ်။ ဒါနဲ့ဒီနေ့ ပထမဆုံးနှင်းကျတာ မြင်လိုက်
လား?"

My Secretary is My Crush [Completed]Where stories live. Discover now