Ep.27

3K 203 0
                                    

My Secreaty is My Crush
~~~

Unicode

အိပ်ပျော်နေတဲ့ Yerimကို ကုတင်ပေါ်မှာ အသာ
အယာ ချလိုက်ပြီးနောက် သူမ Irene ထိုင်နေတဲ့
မီးလင်းဖိုရှေ့မှာ သွားထိုင်လိုက်သည်။ Irene က
လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်ထားပြီး ဆိုဖာအောက်က ကော်ဇောပေါ်မှာ ဒူးနှစ်ဖက်ကို ပိုက်လျက် ထိုင်နေသည်။ ခုနက Yerimနဲ့ ဆော့ကတည်းက သူမတို့ ဒီလိုအောက်ဆင်းပြီး ထိုင်နေကြတာ။

Wendyလည်း သူမရှေ့က လက်ဖက်ရည်ခွက်ကို
ကိုင်ကာ အနည်းငယ်သောက်လိုက်ပြီး မီးလင်းဖိုထဲက
တောက်လောင်နေတဲ့ မီးရဲရဲတွေကို ကြည့်လျက်

"မင်းရဲ့အစ်မက မင်းအတွက် ကောင်းတဲ့အစ်မမျိုး
ဖြစ်ခဲ့လား?"

သူမဆီက မထင်မှတ်ထားတဲ့ အမေးကြောင့် Irene
သူမကို လှည့်ကြည့်လာသည်။

"စားပွဲပေါ်က ဓာတ်ပုံကို တွေ့ခဲ့တယ်။ အစ်မနဲ့ ဆက်ဆံရေး ကောင်းခဲ့တယ် ထင်တယ်"

"ဟုတ်တယ်။ Unnie နဲ့က တကယ်ကောင်းမွန်တဲ့
ဆက်ဆံရေးရှိခဲ့တာ။ Unnie နဲ့ အသက်အများကြီး ကွာတာကြောင့် Unnieက အရမ်းဂရုစိုက်ပေမယ့်
သူငယ်ချင်းလိုလည်း နေပေးတယ်လေ။ ဒါပေမယ့်
Unnie က လူတစ်ယောက်ကို ချစ်မိခဲ့တဲ့ အချိန်မှာ
တော့ ပြောင်းလဲသွားတယ်။ လိမ္မာရေးခြားရှိပြီး မိဘ စကားကို နာခံတတ်တဲ့ မိန်းကလေးက တားထားတဲ့ စည်းတွေကြားမှာ ပင်ပန်းလာတယ် ထင်တယ်။ သူ့ရဲ့
ရွေးချယ်မှုကိုတော့ အပြစ်မပြောချင်ပါဘူး။ ကောင်းတဲ့ အမှတ်တရတွေကလည်း အချိန်တွေကြာလာတော့ မေ့လုနီးနီးပဲ"

နောက်ဆုံးစကားကို ပြောပြီး Irene က ခါးသီးစွာနဲ့
ပြုံးသည်။ အစ်မဖြစ်သူကို သူမ သတိရနေပေမယ့်
လည်း သူမကိုဒီလိုထားခဲ့တဲ့အတွက် နာကျည်းနေတုန်း
လေ။

"Wendyမှာလည်း အစ်ကိုရှိခဲ့တယ်ဆို။ သူနဲ့ရော
ဘယ်လိုဆက်ဆံရေးမျိုး ရှိခဲ့လဲ?"

"အစ်ကို...အင်း အစ်ကိုတစ်ယောက် ရှိခဲ့ဖူးတာပေါ့။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ သူနဲ့မရင်းနှီးခဲ့ဘူး။
တို့နဲ့ တို့အစ်ကိုက ရုပ်ချင်းအရမ်းဆင်သလို တူတဲ့
အရာတွေလည်း များတယ်။ အကြိုက်တွေရော အမူ အရာတွေရော တူပြီး နေမကောင်းဖြစ်တာချင်းတောင်
တူသေးတယ်။ ဒါပေမယ့် တို့မောင်နှမတွက ဖေဖေ့
ဆီက အေးတိအေးစက် စရိုက်ကို အမွေရထားတာလေ။
နှစ်ယောက်လုံးက အေးစက်စက်နဲ့ ဖာသိဖာသာနိုင်
ကြတယ်။ တို့အစ်ကိုက သိပ်လူကြီးဆန်တဲ့သူမျိုး မဟုတ်ပေမယ့် မိသားစုတာဝန်ကိုတော့ ယူရှာပါတယ်။
တို့ကတော့ မိသားစုဝင်တွေနဲ့ အရောတဝင် မနေတတ်ပဲ
တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတာလေ။ သူနဲ့တို့ကြားမှာ ရင်းနှီးဖို့အကြောင်း မရှိခဲ့သလိုပါပဲ"

My Secretary is My Crush [Completed]Where stories live. Discover now