Ep.15

3.1K 237 6
                                    

My Secretary is My Crush
~~~

Unicode

"Unnie ကို တွေ့ချင်တယ် Mommy~ Unnie က Yerimတို့ဆီကို ဘာလို့မလာတော့တာလဲ?"

"အရင်က Mommyမရှိရင် Yerim တစ်ယောက်တည်း ဖြစ်မှာစို့လို့ Unnie က လာပေးတာလေ။ အခုဘွားဘွားလေး ရှိနေတော့ Unnie ကို မလာခိုင်းတော့တာ"

"ဘွားဘွားလေးရှိလည်း ဘွားဘွားလေးက Unnie မှ မဟုတ်တာကို mommyကလည်း"

Yerimရဲ့ Irene အပေါ် သံယောဇဉ်ရှိမှုကို သူမ သံသယ မဝင်နိုင်တော့ပေ။

"ဒါဆိုမနက်ဖြန် Unnie ကို ခေါ်ပေးရမလား?"

Wendyရဲ့စကားကို Yerimက တုံ့နှေးမှုမရှိပဲ
ခေါင်းတဆက်ဆက်ညိမ့်လျက် တုံ့ပြန်သည်။

"အင်းပါ။ ဒါဆိုမနက်ဖြန်ကျရင် သွားခေါ်ပေးမယ်နော်"

"Yerimရော လိုက်လို့မရဘူးလား?"

"Babyက Unnie တို့အိမ်ကို လိုက်ချင်လို့လား?"

"ဟုတ်"

"Ok~မနက်ကျ သွားကြတာပေါ့"

"Yayyy!!! Yerim မအိပ်ခင် ပုံပြင်ဖတ်ပြပါ Mommy"

"ဖတ်ပြမှာပေါ့"

ရင်ခွင်ထဲတိုးလာတဲ့ Yerimကို သူမပြန်ဖက်လိုက်ပြီး ခုံပေါ်က ပုံပြင်စာအုပ်ကို ယူပြီးလှန်လိုက်သည်။
.
.
.
.
.
.
.
.
.
.
.
"မင်းသမီးလေးဟာ သူ့ကြောင့်ကျိန်စာသင့်သွားတဲ့
သူမအမေကို ကယ်တင်ပြီးနောက် သူမအဖေရယ်
မောင်လေးတွေဖြစ်တဲ့ အမြွှာသုံးယောက်ရယ်နဲ့အတူ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြတယ်တဲ့"

ပုံပြင်ဆုံးတော့ သူမ စာအုပ်ကို ပိတ်လိုက်ပြီး ရင်ခွင်ထဲက အိပ်ပျော်လုဆဲဆဲ သူမရဲ့ကလေးကို ကြည့်လိုက်သည်။ထို့နောက် ဖြည်းဖြည်းချင်း ထလိုက်ကာ အိပ်ရာပေါ်က
ဆင်းလိုက်သည်။ အေးအေးချမ်းချမ်း အိပ်ပျော်သွားပြီဖြစ်တဲ့ Yerim ကိုယ်ပေါ်ကို စောင်တစ်ထည်ခြုံလိုက်ကာ Yerim နဖူးကို တစ်ချက်နမ်းရင်း "Good night baby" ဟု ခပ်ဖွဖွဆိုလိုက်သည်။

"CHANGE YOUR FATE"

ခေါင်းရင်းက စားပွဲပေါ်မှာ တင်ထားတဲ့ စာအုပ်လေးရဲ့
နာမည်ကို မြင်မိတော့ ကာတွန်းထဲက 'ဘရေ့'ဆိုတဲ့
မင်းသမီးလေးရဲ့ မင်းသမီးတစ်ယောက် ဖြစ်နေပေမယ့်
အခြားမင်းသမီးတွေနဲ့မတူပဲ မြင်းတစ်ကောင်နဲ့ လွတ်လပ်စွာ ခုန်ပေါက်ပြီး ဝါသနာပါရာ မြှားပစ်ခြင်းနဲ့ သူမရဲ့
ပျံသန်းချင်တဲ့စိတ်ကို နောက်ဆုံးမှာ အကောင်အထည်
ဖော်သွားနိုင်တာကို အားကျမိတယ်။

My Secretary is My Crush [Completed]Where stories live. Discover now